လက်ဆောင်တွေလည်း အများကြီး ရခဲ့တယ်တဲ့။

Myanmar Idol Season 2 ရဲ့ Fist Runner up ချမ်းမြေ့မောင်ချိုက စက်တင်ဘာ(၂၂) ရက်နေ့က အသက်(၁၉)နှစ်ပြည့် မွေးနေ့ပွဲကို Fan တွေနဲ့အတူ ပျော်ရွှင်စွာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ သူမရဲ့ မွေးနေ့ပွဲကို Fan တွေက သေချာ စီစဉ်ပြီး ပြုလုပ်ပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

Myanmar Idol Season 2 ရဲ့ Fist Runner up ချမ်းမြေ့မောင်ချိုက စက်တင်ဘာ(၂၂) ရက်နေ့က အသက်(၁၉)နှစ်ပြည့်မွေးနေ့ပွဲကို Fan တွေနဲ့အတူ ပျော်ရွှင်စွာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ သူမရဲ့ မွေးနေ့ပွဲကို Fan တွေက သေချာ စီစဉ်ပြီး ပြုလုပ်ပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အသက်(၁၉)နှစ်ပြည့်မွေးနေ့ကို စည်စည်ကားကားဖြစ်အောင် ကျင်းပပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း သူမအနေနဲ့ ယခုလို ကျေးဇူးတင်စကား ပြောခဲ့ပါသေးတယ်။

"သမီးကို ၁၉ နှစ်တိုင်တိုင် အဆိုတော်ကြီးဖြစ်တဲ့အထိ ကျွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့တဲ့ မေကြီးဖေကြီးနဲ့သမီးမိသားစုကို ပထမဦးစွာ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ် ။ဒုတိယအနေနဲ့ သမီးရဲ့ ၁၉ နှစ်ပြည့်မွေးနေ့လေးကို စည်စည်ကားကားဖြစ်အောင် ကျင်းပပြီးတော့ ဂုဏ်ပြုပေးတဲ့ ပရိသတ်တွေကိုကျေးဇူးအများကြီးတင်ပါတယ်။အရမ်းလဲပျော်ခဲ့ရပါတယ်။ မအားလို့ အခုမှကျေးဇူးတင် စကားပြောရတာပါ။ နိုင်ငံရပ်ခြားကနေလာရောက်ပြီးတော့ ကူညီပြီး ဂုဏ်ပြုကြတဲ့ ပရိသတ်တွေရော နယ်ကနေတကူးတကလာပြီးအားပေးကြတဲ့ ပရိသတ်ကြီး တွေရော မအားတဲ့ကြားကနေ လပြီးတော့ ကူညီပြီးသီချင်းသီဆိုပေးခဲ့ကြတဲ့ အမ Jewel .. အမ Nilen Parmawi နဲ့ ကို Nay Khant Min Thit ကိုလဲကျေးဇူးအများကြီးတင်ပါတယ်။" ဆိုပြီးသူမရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၄) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

ထို့အပြင် သူမရဲ့ မွေးနေ့အတွက် ကူညီပေးခဲ့တဲ့ ဆရာတွေ ပရိသတိတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဆက်လက်ပြောထားပါသေးတယ်။သူမရဲ့ ပရိသတ်တွေကို တကယ်ကျေးဇူးတင်သလို အဲ့ဒီကျေးဇူးတွေကိုလည်း ဘယ်တော့မှ မမေ့ပါဘူးတဲ့။ သူမအတွက် မွေးနေ့ပွဲ စီစဉ်ပေးတဲ့အပြင် ပရိသတ်များက ဂုဏ်ပြုငွေတွေကိုလည်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

"ဂုဏ်ပြုငွေတွေချီးမြှောက်တဲ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ် ... မပြောပြတတ်လောက်အောင်အတိုင်းမသိ ဝမ်းသာရပါတယ်။ နောက်ထပ်အများကြီးကြိုးစားပါဦးမယ် ။သီချင်းတွေလဲအများကြီးလုပ်နိုင်အောင်ကြိုးစားပါ့မယ် ... နောက်နှစ်တွေမှာ လဲဒီလိုပွဲလေးတွေ လုပ်နိုင်အောင်ကြိုးစားပါ့မယ်။ကျေးဇူးအများကြီးတင်ပါတယ် " ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

 

Myanmar Idol မှာကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာရရှိခဲ့တဲ့ မောင်ချိုက လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ လုပ်နေတာ တွေ့ရပါတယ်။

Share

Loading Next Article...
က္က