Miss International ပြိုင်ပွဲကြီးသို့ သွားရတော့မှာပါ။

အလှမယ် မေယုခတ္တာဟာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International 2018 ပြိုင်ပွဲကြီးသို့ မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင် ရတော့မှာဖြစ်ပါတယ်။ ဂျပန်သို့ မသွားခင်မှာလည်း ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ်ထားပါတယ်။

 

Miss Myanmar International 2018 အလှမယ် မေယုခတ္တာက အောက်တိုဘာ(၁၇) ရက်နေ့မှာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International ပွဲကြီးကို သွားရောက် ရတော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံက မထွက်ခွာခင်မှာ Fanတွေနဲ့ တွေ့ဆုံဖို့အတွက် ဖိတ်ခေါ်ထားတာလည်း တွေ့ရပါတယ်။

အောက်တိုဘာ(၁၇) ရက်နေ့ နေ့လည်(၃)နာရီခွဲလောက်မှာ ရန်ကုန်လေဆိပ် Terminal-1 မှာ ပရိသတ်တွေနဲ့ တွေ့ဆုံချင် တယ်ဆိုပြီး မေယုခတ္တာက ပြောထားပါသေးတယ်။

Miss Myanmar International 2018 ဆုရှင် မေယုခတ္တာဟာ မြန်မာနိုင်ငံကိုယ်စားပြုတစ်ယောက်အဖြစ် နိုင်ငံပေါင်း ၆၈ နိုင်ငံနဲ့အတူ Miss International 2018 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ရည်မှန်းချက်ကိုလည်း အမြင့်ဆုံးရောက်အောင် ကြိုး စားမယ်လို့  Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

'' ပြိုင်ပွဲအတွက် Target ကတော့ ညီမအမြင့်ဆုံးရောက်အောင် မှန်းထားတယ်၊ အဲ့ဒီအတွက်လည်း ကြိုးစားနေတယ် ပြိုင်ပွဲကိုလည်း Confident ရှိရှိ လုပ်ဆောင်မယ်ပေါ့နော်။ ဆုရသည်မရသည်ကတော့ ညီမရဲ့ ကံတရားပေါ့နော် ညီမဘက်ကလည်း တာဝန်ကျေအောင် အမြင့်ဆုံး အထိကိုတော့ ရည်မှန်းထားပါတယ်'' လို့ သူကပြောပါတယ်။

 

အလှမယ် မေယုခတ္တာဟာ အခုလက်ရှိမှာတော့ ပြိုင်ပွဲကြီးအတွက် လိုအပ်တာတွေကို လေ့ကျင့် သင်ကြားမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ သူမဟာ  နည်းပညာတက္ကသိုလ်(သန်လျှင်)မှာ တက်ရောက်ပညာသင်ကြားနေသူပါ။ နောက်ဆိုရင် အနုပညာအလုပ်တွေရော ပညာရေးကိုပါ မျှတအောင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Miss Myanmar International ပြိုင်ပွဲကို ၂၀၁၂ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၂ခုနှစ်မှာပဲ အလှမယ် နန်းခင်ဇေယျာ၊ ၂၀၁၃ခုနှစ်မှာ ဂုဏ်ရည်အေးကျော်၊ ၂၀၁၄ခုနှစ်မှာ မေဘရဏီသော်၊  ၂၀၁၅ခုနှစ်မှာ အမရာငြိမ်း၊ ၂၀၁၆ ခုနှစ်မှာ အင်ကြင်းထူး၊ ၂၀၁၇ခုနှစ် စဝ်ယွန်းဝတီဦးတို့ဟာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံတကာစင်မြင့်ထက်တို့မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က