AD
AD
AD

အဆိုတော် ဖြူဖြူကျော်သိန်းက Facebook မှာ Follower တစ်သန်းပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ ပရိသတ်တွေနဲ့တွေ့ဆုံပွဲလေး လုပ်မှာ ဖြစ်ပါတယ်။

play

 

ဖြဖြူရဲ့ Fan Meeting ကို ဒီလ ၂၆ ရက်၊ တနင်္ဂနွေနေ့ကျရင် လှည်းတန်းစင်တာမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

"ခုလာမယ့် တနင်္ဂနွေ(၂၆.၁၁.၂၀၁၇) လှည်းတန်းစင်တာမှာ ညနေ(၃) နာရီက (၆) နာရီထိပရိသတ်တွေနဲ့ selfie ဆွဲဖို့ဖြူဖြူ ရှိနေပါမယ် " လို့ ဖြူဖြူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

တွေ့ဆုံပွဲမှာ လက်ဆောင်အဖြစ် ဖြူဖြူ့ရဲ့သီချင်းခွေတွေ၊ Lucky Draw အစီအစဉ်တွေအပြင်  ဒီပွဲကို စီစဉ်ပေးတဲ့ pHCare ပစ္စည်းတွေကိုလည်း လက်ဆောင်အဖြစ်ပေးဦးမယ်လို့ သိရပါတယ်။

play

 

ဂီတသက်တမ်း ၁၄ နှစ်ရှိပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ ကိုယ်တိုင်ကလည်း သီချင်းတွေဖန်တီးနေသလို သီချင်းဆိုပြိုင်ပွဲတွေမှာ လည်း ဒိုင်တစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းဟာ ဂီတလောကမှာ အသံပါဝါ ကောင်းကောင်းနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ အဆိုတော် တစ်ဦး လည်း ဖြစ်သလို လုံးဝမသက်ဆိုင်တော့ပါ၊ ချစ်သူ့အမုန်းကျိန်စာနဲ့ မိန်းကလေး တစ်ယောက်အသည်းကွဲနေသည်၊ စတဲ့ တစ်ကိုယ် တော် ခွေတွေအပါအဝင်အယ်လ်ဘမ် ခြောက်ခွေ ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။

Photos : ဖြူဖြူကျော်သိန်းဖေ့စ်ဘွတ်

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD