AD
AD
AD
play

 

သြဂုတ်လ(၁၄)ရက်နေ့မှာ ပြုလုပ်မယ့် Frenzo Tour တွင် စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်များကို အဆိုတော်သစ် တစ်ယောက်နဲ့ မိတ်ဆင်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။ မွန်းလွဲ (၁)နာရီတွင် MCC ခန်းမမှာ ကျင်းပမယ့် အဲ့ဒီ ရှိုးပွဲလက်မှတ်များကို ရှစ်ထောင်ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။

play

 

အဲ့ဒီဖျော်ဖြေပွဲကြီးတွင် နာမည်ကြီး အဆိုတော်များဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ Snare ၊ စိုးကြီး၊ ဘန်နီဖြိုး၊ Lil'z၊ X-Box ၊G- Fatt ၊နီနီခင်ဇော်တို့ပါဝင်မယ်လို့ သိရပါတယ်။

Frenzo Tour ဖျော်ဖြေပွဲများကို ရန်ကုန်တွင် သာမက  မန္တလေးအပါအဝင် မြို့ကြီး (၁၀)မြို့တွင် သွားရောက် ဖျော်ဖြေဖို့ ရှိတယ်လို့ သိရပါတယ်။

Source : 8days Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD