အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ကတည်းက ရောက်နေပါပြီ။

စိုင်းစိုင်း တစ်ယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် Frenzo Night in Japan ဖျော်ဖြေပွဲအတွက် ဂျပန်နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၁ရက်နေ့ဆိုရင်တော့  မြန်မာပရိသတ်တွေနဲ့ ဆုံရတွေ့ရမှာဖြစ်လို့ ရင်ခုန် နေ တယ်လို့ ဆိုပါတယ်။



 

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် Frenzo Night in Japan ဖျော်ဖြေပွဲကြီးအတွက် အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ကတည်းက ဂျပန်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ စိုင်းစိုင်းနဲ့အတူ နာမည်ကျော်အဆိုတော်များစွာ လည်း ရောက်ရှိနေကြပြီဖြစ်ပါတယ်။

'' ဂျပန်ပြည်က မိတ်ဆွေများ။ ကျနော်တို့ပွဲရဲ့ Information ပါ ဆုံမယ်ဗျာ။ နေရာ၊ နေ့ရက်၊ အချိန်'' ဆိုပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲကိုတော့ Frenzo Night in Japan လို့ အမည်ပေးထားပြီး အောက်တို ဘာလ ၂၁ ရက်နေ့ညနေ ၅ နာရီအချိန်မှာ ဖျော်ဖြေပွဲ စတင်ပြုလုပ်မှာဖြစ်ပြီး ညနေ ၄ နာရီကတည်းက စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်

 

Frenzo Night in Japan Show ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့၊ Takadanobaba အနီးမှာရှိတဲ့ Super Live Theatre Area မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ ဒီ ဖျော်ဖြေပွဲကို ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်နိုင်ဖို့ ၉ နှစ်စောင့်ခဲ့ရတယ်လို့ စိုင်းစိုင်းရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ ပါတယ်။ စိုင်းစိုင်းဟာ မကြာသေးခင်ကလည်း ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံဂီတဖျော်ဖြေပွဲမှာ ပါဝင်သီဆိုခဲ့ပါသေးတယ်။

 

Frenzo Night in Japan Show မှာတော့ ဂျပန်ရောက် မြန်မာပရိသတ်တွေကို ပျော်ပျော်ရွှင်ရွှင်သီဆိုဖျော်ဖြေပေးသွားမယ့် နာမည်ကျော် အဆိုတော်တွေပါဝင်ပါတယ်။ သူတို့ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် Hip Hop အဆိုတော်တွေ ဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ စောညီညီ၊ Snare အဖွဲ့၊ ဘန်နီဖြိုး၊ G-fatt ၊ ဂျွန်၊ DJ Thar Chaw နဲ့ DJ KNIGHT တို့က ပါဝင်သွားမယ်လို့ သိရပါတယ်။

 

စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့အတူ အောက်တိုဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ '' ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း'' ဆိုတဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အောင်အောင်မြင်မြင်ပြီးမြောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် အောက်တိုဘာ ၂၁ ရက်နေ့မှာ ကျင်းပ မယ့် ဖျော်ဖြေပွဲမှာလည်း ဂျပန်နိုင်ငံက မြန်မာပရိသတ်တွေနဲ့ အတူတူပျော်ရတော့မှာ ဖြစ်လို့ ရင်ခုန်နေတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က