AD
AD
AD
play

 

အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုးတို့က လက်ရှိမှာ ပုဂံကို ရောက်နေကြတယ်လို့ သိရပါတယ်။နန်းဆုက ပုဂံရောက်နေကြောင်း သူမရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ (၁)နာရီလောက်က တင်ထားခဲ့သလို G Fatt ကလည်း သူပုဂံရောက်နေကြောင်းကို လွန်ခဲ့တဲ့ မိနစ်ပိုင်းက ဖေ့စ်ဘွတ်ပေါ် တင်လိုက်ပါတယ်။

နန်းဆုက မိသားစုနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေကို  တင်ထားသလို တစ်ယောက်လည်း အလှပုံလေးတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။

play

 

နန်းဆုပုံတင်ထားတဲ့ ကောမန့်အောက်မှာ သူ့ရဲ့ ပရိသတ်တွေက G Fatt  ပုဂံရောက်နေတဲ့ ပုံလေးတွေနဲ့ ကောမန့်တွေ ပေးပြီး စထားတာတွေ့ရပါတယ်။နှစ်ယောက်သား အတူတူတွဲရိုက်ထားတာမျိုးမဟုတ်ပေမယ့်လည်း သူတို့ နှစ်ယောက် ပုဂံရောက်နေတယ်ဆိုတာ ပရိသတ်တွေ သိနေကြပါတယ်။

လတ်တလောမှာ နယ်ရှိုးပွဲတွေ ဆက်တိုက်သွားဖြစ်နေတဲ့ သူတို့နှစ်ဦးက ပရိသတ်တွေနဲ့လည်း အဆက်အသွယ်မပြတ်အောင် နေထိုင်သူတွေ ဖြစ်ပါတယ်။ ပုံလေးတွေကို အဆက်မပြတ်တင်ပေးဖြစ်သလို အခါအခွင့် သင့်သလို ပရိသတ်တွေနဲ့ Live တွေလည်း ပြောကြပါသေးတယ်။ အခုတော့ ပုဂံမှာ ရိုက်ထားတဲ့  ပုံလေးတွေကို တင်ထားပြီး ပုဂံကိုချစ်ကြောင်း တစ်ယောက်တစ်မျိုးစီ ပုံဖော်ပြောနေကြပါတယ်။

play

 

ပရိသတ်တွေ အားကျပြီး ချစ်စရာကောင်းတဲ့ သူတို့စုံတွဲဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်ပြီးတော့ အားသာချက် အဖြစ် ပြုပြင်ပြောင်းလဲမှုတွေနဲ့ Relationship တစ်ခုကို တည်ဆောက်ထားတာပါ။ ဒါပေမယ့်လည်း နန်းဆုက G Fatt ရဲ့ (၂၄)နာရီအပြည့် သဝန်တိုတာကိုတော့ ခံရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

'' ဘယ်အခါမျိုးရယ်မဟုတ်ဘူး သူက အချိန်ပြည့်သဝန်တိုတယ်။ အဲ့ဒါကို မနည်းလျှော့ချနေရတယ်။ ၂၄ နာရီ သဝန်တိုတတ်တယ်။ ရှေ့ရေးအတွက်ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းတိုင်ပင်မှုမျိုးတွေတော့ရှိတယ်။ နှစ်ယောက်အတူတူ သီချင်းတွေ လုပ်ဖို့ လည်း ရှိလာနိုင်ပါတယ်"လို့ နန်းဆုရတီစိုးက မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

play

 

နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

G Fattဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။

 

Photo : နန်းဆုရတီစိုး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD