ဘယ်လိုတွေတောင် ပျော်နေကြလဲ။

နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးလေးက ပျော်ရွှင်ဖို့ကောင်းလှပါတယ်။ အခုလည်း သူတို့ ချစ်သူစုံ တွဲလေးက ကိုရီးယားကိုရောက်နေတာဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးနေရာတွေကို လျှောက်လည်နေ ကြတာ တွေ့ရပါတယ်။

Photo : နန်းဆု၊G Fatt FB

 

အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုးတို့  ချစ်သူစုံတွဲလေးက ကိုရီးယားကို ရောက်နေကြပါတယ်။  ကိုရီးယားကို ဇူလိုင်(၂) ရက်နေ့က စတင်သွားခဲ့ကြတာ ဖြစ်ပြီး အခုထိ ကိုရီးယားမှာပဲ ရှိသေးတယ်လို့ သိရပါတယ်။ သူတို့စုံတွဲလေးက ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးနေရာတွေကို လျှောက်လည်နေတာကလည်း တွေ့ရပါတယ်။

Photo : နန်းဆု၊G Fatt FB

 

သူတို့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်မှာ နှစ်ယောက်တွဲ ပုံတွေ တင်ထားတာမျိုး မရှိပေမယ့်လည်း တစ်ယောက်ချင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်တဲ့အခါမှာ နေရာတူနေတာမျိုးတွေ တွေ့မြင်ရမှာပါ။ နန်းဆုရဲ့ ဖေ့စ်ဘွတ် Live တော်တော်များများမှာလည်း G Fatt ရဲ့ အသံပါဝင် နေတာကိုလည်း ကြားရမှာပါ။ သူတို့နှစ်ယောက်စလုံး ရဲ့ Location Check In မှာလည်း ကိုရီးယားနိုင်ငံဆိုပြီး Check In ဝင်ထားတာ တွေ့မြင်ရမှာပါ။

Photo : နန်းဆု FB

 

တစ်နေရာတည်းမှာ အတူတူရှိနေတဲ့ သူတို့နှစ်ယောက်ကို နှစ်ယောက်တွဲ ဓာတ်ပုံလှလှလေးတွေ ရိုက်ပြီး ဖေ့စ်ဘွတ်ပေါ် တင်ပေးဖို့ ပရိသတ်တွေက တောင်းဆိုထားကြတာ ကလည်း ကောမန့်အပြည့်ပါပဲ။  ချစ်စရာကောင်းတဲ့ သူတို့နှစ်ယောက် ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။

Photo : G Fatt FB

မိုးရာသီကို ချစ်တဲ့အကြောင်းပြောပြတဲ့ နန်းဆုရတီစိုး 

ပရိသတ်တွေ အားကျပြီး ချစ်စရာကောင်းတဲ့ သူတို့စုံတွဲဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်ပြီးတော့ အားသာချက် အဖြစ် ပြုပြင်ပြောင်းလဲမှုတွေနဲ့ Relationship တစ်ခုကို တည်ဆောက်ထားတာပါ။ ဒါပေမယ့်လည်း နန်းဆုက G Fatt ရဲ့ (၂၄)နာရီအပြည့် သဝန်တိုတာကိုတော့ ခံရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

'' ဘယ်အခါမျိုးရယ်မဟုတ်ဘူး သူက အချိန်ပြည့်သဝန်တိုတယ်။ အဲ့ဒါကို မနည်းလျှော့ချနေရတယ်။ ၂၄ နာရီ သဝန်တိုတတ်တယ်။ ရှေ့ရေးအတွက်ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းတိုင်ပင်မှုမျိုးတွေတော့ရှိတယ်။ နှစ်ယောက်အတူတူ သီချင်းတွေ လုပ်ဖို့ လည်း ရှိလာနိုင်ပါတယ်"လို့ နန်းဆုရတီစိုးက မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

Photo : နန်းဆု FB

 

နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

G Fatt ဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။

Share

Loading Next Article...
က္က