ဒီနေ့ကတော့ သူ့ရဲ့ မိခင်မွေးနေ့ဖြစ်ပါတယ်။

G-fatt တစ်ယောက် မိခင်ရဲ့ မွေးနေ့မှာ ဆုတောင်းစကားလှလှလေးတွေ ပြောပြထားပါတယ်။ လက်ရှိမှာတော့ ချစ်သူ နန်းစု ရတီစိုးတို့ မိသားစု နဲ့ အတူ မုံရွာ ဘုရားဖူးခရီးထွက်နေတာဖြစ်ပါတယ်။

Photo: G fatt Facebook

 

အဆိုတော်  G-Fatt တစ်ယောက် စက်တင်ဘာလ ၃ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မိခင်ဖြစ်သူအတွက် မွေးနေ့ဆုတောင်းစကား ပြောပြခဲ့ ပါတယ်။ မွေးနေ့မှာလည်း မိခင်ရဲ့ အနားမှာ မရှိနိုင်တဲ့အတွက် အဝေးကနေ ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။ မိဘနှစ်ပါးစလုံးကိုလည်း ကတိတွေ အထပ်ထပ် ပေးနေတာကို တွေ့ရပါတယ်။

'' မနှစ်က မွေးနေ့မှာ မုံရွာ ကဘုရားတွေ အတူတူဖူးပြီး ဒီနှစ်မွေးနေ့တော့ သားတစ်ယောက်တည်း မုံရွာ ရောက်နေပေါ့။  မေကြီး ဖေကြီးနဲ့ အတူတူ အသက်ရှည်ကျန်းမာပြီး စိတ်ချမ်းသာပါစေ။ မေကြီး စိတ်ဆင်းရဲမဲ့အရာ တွေ အပူအပင်တွေ အနည်းဆုံးဖြစ်အောင် သားအတက် နိုင် ဆုံးကြိုးစားပါ့မယ် လို့ကတိပေးရင်း  Happy Birthday ပါမေကြီး'' ဆိုပြီးတော့ စက်တင်ဘာလ ၃ ရက်နေ့ မနက် ၁၀နာရီခွဲက သူ့ရဲ့ ဖေ့စ် ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: G fatt Facebook

 

အမြဲတမ်း ပရိသတ်တွေနဲ့ တရင်းတနှီး ရှိတဲ့ G Fatt က လက်ရှိမှာ ရှိုးပွဲတွေ ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ သူနဲ့အတူ သူရဲ့ ချစ်သူ နန်းဆုတို့ မိသားစုနဲ့ မုံရွာ ဘုရားဖူးခရီးထွက်နေတာ တွေ့ရပါတယ်။ G Fattတို့စုံတွဲဟာ  ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် အမြဲတမ်း နေတတ်တာကြောင့် သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေ တော်တော်များများ အချိန်နဲ့ တပြေးညီ သိခွင့်ရကြပါတယ်။

Photo: G fatt Facebook

G Fatt က အချိန်ပြည့် သဝန်တိုတတ်တာလို့ ပြောလာတဲ့ နန်းဆုရတီစိုး 

ပရိသတ်တွေ အားကျပြီး ချစ်စရာကောင်းတဲ့ သူတို့စုံတွဲဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်ပြီးတော့ အားသ ာချက် အဖြစ် ပြုပြင်ပြောင်းလဲမှုတွေနဲ့ Relationship တစ်ခုကို တည်ဆောက်ထားတာပါ။ ဒါပေမယ့်လည်း နန်းဆုက G Fatt ရဲ့ (၂၄)နာရီ အချိန်အပြည့် သဝန်တိုတာကိုတော့ ခံရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

Photo: G fatt Facebook

 

G Fattဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။

Share

Loading Next Article...
က္က