ဒီနေ့က နန်းဆုရတီစိုးရဲ့ မွေးနေ့ပါ။

နန်းဆုရတီစိုးရဲ့ မွေးနေ့လေးမှာ G Fatt ပေးတဲ့ မွေးနေ့လက်ဆောင်က ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ G Fatt ဟာ ချစ်သူကောင်မ လေးအတွက် မွေးနေ့လက်ဆောင်ကို သေချာလေး ပြင်ဆင်ထားတာပါ။ ဗီဒီယိုဖိုင်လေးလည်း ထည့်ပေးထား တယ်နော်။


Photo : နန်းဆုရတီစိုး FB

 

ဒီနေ့(စက်တင်ဘာ၁၈ ရက်)က သရုပ်ဆောင် နန်းဆုရတီစိုးရဲ့ မွေးနေ့ပါ။ သူမရဲ့ မွေးနေ့လေးမှာ ချစ်တဲ့ ချစ်သူလေးနဲ့အတူ ဘုရား အတူတူ ဖူးခဲ့ကြတာလည်း တွေ့ရပါတယ်။ နန်းဆုရတီစိုးရဲ့ မွေးနေ့လေးမှာ G Fatt ပေးတဲ့ မွေးနေ့လက်ဆောင်က ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

G Fatt ဟာ ချစ်သူကောင်မလေးအတွက် မွေးနေ့လက်ဆောင်ကို သေချာလေး ပြင်ဆင်ထားတာပါ။ စက်တင်ဘာ(၁၇) ရက်နေ့ညပိုင်း လောက်မှာ နန်းဆုအတွက် မွေးနေ့လက်ဆောင်အဖြစ် လုပ်ထားတဲ့ ဗီဒီယိုဖိုင်လေး တစ်ဖိုင်ကို G Fatt ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာတွေ့ရပါတယ်။

Photo : နန်းဆုရတီစိုး FB

 

အဲ့ဒီဗီဒီယိုဖိုင်လေးမှာ သူတို့နှစ်ယောက် စတွေ့ခဲ့တဲ့ အချိန်ကစပြီး အတူတူဖြတ်သန်းဖြစ်တာလေးတွေကို မှတ်တမ်းတင်ရိုက်ထားတဲ့ ပုံလေးတွေ ဖြစ်ပြီး ဆုံတွေ့ခဲ့တဲ့ နေရာလေးတွေနဲ့ အကြောင်းအရာလေးတွေကို တွဲပြီး ဖော်ပြထားတာပါ။  နန်းဆုရတီစိုးနဲ့ စပြီး ခင်တဲ့ နေ့ကစလို့ ချစ်သူတွေ ဖြစ်တဲ့အထိ အမှတ်တရလေးတွေကို ရိုမတ်တစ်ဆန်ဆန် ဗီဒီယိုလေးနဲ့ အမှတ်တရလေး ပြုလုပ်ထားတာပါ။

အခုဆိုရင် G Fatt တင်ထားတဲ့ နန်းဆုအတွက် မွေးနေ့ဗီဒိယိုလေးဟာဆိုရင် ကြည့်ရှုသူ တစ်သိန်းသုံးသောင်းကျော်အထိ ရှိသွားခဲ့ပါပြီ။

Photo : နန်းဆုရတီစိုး FB

 

နန်းဆုရတီစိုးဟာ သူမရဲ့ မွေးနေ့လေးမှာလည်း သူမလိုချင်တဲ့ ဆုလေးကို တောင်းထားတာ တွေ့ရပါတယ်။

"အမြဲပျော်ရွှင်ချမ်းမြေ့ပြီး ကိုယ်က ချစ်တဲ့သူ ကိုယ့်ကိုချစ်တဲ့သူ တွေနဲ့ အတူတူ ဘဝမှာ အနောက်ကိုပြန်လှည့်ကြည့်မိတဲ့အခါတိုင်း စိတ်ကျေ နပ်စရာတွေနဲ့သာ ပြည့်ရပါလို၏ လို့ ဆုတောင်းသလို ဆုတောင်းတွေပြည့်အောင်လည်း အမြဲကြိုးစားနေထိုင်ပါတယ် ကိုယ်ပြုလုပ် ဆောင်ခဲ့ လုပ်ဆောင်နေဆဲ လုပ်ဆောင်သွားမယ့် ကုသိုလ်ကောင်းမှုတွေအားလုံး ကိုယ်ချစ်တဲ့သူတွေ ကိုယ့်ကိုချစ်တဲ့သူတွေ အမြဲရကြပါစေလို့ တောင်းဆုပြုရင်း " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

 

အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးနဲ့ G Fatt တို့ရဲ့ အချစ်ရေးလေးက သာယာဖို့ ကောင်းလှပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ ချစ်ဖိုု့ကောင်းတဲ့ သူတို့အတွဲလေးမှာ G Fattက နန်းဆုအပေါ်မှာ အရမ်းကို သဝန်တို တတ် သူဖြစ်ပါတယ်။

Photo : နန်းဆုရတီစိုး FB

 

ပရိသတ်တွေ အားကျပြီး ချစ်စရာကောင်းတဲ့ သူတို့စုံတွဲဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်ပြီးတော့ အားသာ ချက် အဖြစ် ပြုပြင်ပြောင်းလဲမှုတွေနဲ့ Relationship တစ်ခုကို တည်ဆောက်ထားတာပါ။နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

G Fatt ဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက် တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က