တစ်ကိုယ်တော်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

အဆိုတော် G Fatt တစ်ယောက် တစ်ဘဝလုံး စိတ်ကူးယဉ်ခဲ့ရတဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့လို့ ဝမ်းသာပီ တိဖြစ် လို့ နေပါတယ်။

Photo : G Fatt FB

 

အဆိုတော် G Fatt တစ်ယောက် တစ်ဘဝလုံး စိတ်ကူးယဉ်ခဲ့ရတဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ် လို့ နေပါတယ်။ G Fatt ဟာ နိုဝင်ဘာ(၁၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင် ခဲ့တာပါ။ ဖျော်ဖြေပွဲမစခင် ရွာသွန်းခဲ့တဲ့မိုးကြောင့် စိုးရိမ်မှုတွေဝင်ပြီး မျက်ရည်ကျခဲ့ရသေးတယ်လို့  G Fatt က ဆိုပါတယ်။

Photo : G Fatt FB

ဝါသနာတူ၊ အကြိုက်တူတဲ့ ချစ်သူလေးအကြောင်းပြောလာတဲ့ G-Fatt  

"တစ်ဘဝလုံး စိတ်ကူးယဉ်ခဲ့ရတဲ့ အိမ့်မက်ပါ ။11.11.2018 မှာ အကောင်အထည်ပေါ်ခဲ့တယ် ။ပွဲမစခင် မိုးတွေ ရွာချတော့ စိုးရိမ်ပြီး မျက်ရည်ဝဲရတယ် ။ပွဲပြီးတော့ တစ်ကွင်းလုံးပြည့်နေတဲ့ ပရိတ်သတ်တွေကိုကြည့်ပြီး ဝမ်းသာလို့မျက်ရည်ဝဲရတယ် .. ဒီပွဲက Gfatt ဆိုတာထက် Gfatt ပရိတ်သတ်တွေရဲ့အောင်ပွဲပါ ." ဆိုပြီး  G Fatt က နိုဝင်ဘာ(၁၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : G Fatt FB

 

G Fatt ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကြီးဟာ ပရိသတ်တွေနဲ့ ထပ်တူကျခဲ့တဲ့ ပွဲတစ်ခုလို့ ပြောရမှာပါပဲ။ ရန်ကုန်မြို့ ၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တဲ့ G Fatt ရဲ့ တစ်ကိုယ်တေ်ာဖျော်ဖြေပွဲမှာ ပရိသတ်တွေက ကွင်းအပြည့်ကို လာရောက်အား ပေးခဲ့ကြ တာပါ။ ပွဲမစခင်နဲ့ ပွဲအစပိုင်းလောက်မှာ မိုးတွေ ရွာသွန်းခဲ့ပေမယ့်လည်း ရှိုးပွဲလာတဲ့ ပရိသတ်တွေ နည်းမသွားခဲ့ပါဘူး။

Photo : G Fatt FB

 

သူ့ရဲ့ တစ်ကိုယ်တော်ဖျေ်ာဖြေပွဲမှာ သူငယ်ချင်းတွေဖြစ်ကြတဲ့ Frenzo production က စိုင်းစိုင်း၊ Benny Phyo ၊ Snare၊ ဖြူဖြူကျော် သိန်း၊တို့အပြင် အခြားသော အနုပညာရှင်များနဲ့အတူ နန်းဆုရတီစိုးကလည်း ပါဝင်ဖျေ်ာဖြေပေးခဲ့ပါတယ်။ G Fattဟာ ဂီတလောက ထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။  G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။

Share

Loading Next Article...
က္က