ဒီလကုန်တာနဲ့ ပြန်ဆော့မှာတဲ့။

Single Mother အဖြစ် ရပ်တည်နေတဲ့ အေသင်ချိုဆွေဟာ ယခင်ကထက်စာရင် ခန္ဓာကိုယ်အချိုးအစား အများကြီး ပြောင်းလဲ သွားခဲ့ပြီ ဖြစ်ပါ တယ်။ ဒါပေမယ့်လည်း နောက်ထပ် ပေါင်(၃၀)ကျဖို့အတွက် ထပ်ကြိုးစားဦးမှာတဲ့။

Photo : အေသင်ချိုဆွေ FB

 

Single Mother အဖြစ် ရပ်တည်နေတဲ့ အေသင်ချိုဆွေဟာ ယခင်ကထက်စာရင် ခန္ဓာကိုယ်အချိုးအစား အများကြီး ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါ တယ်။ ပရိသတ်တွေ မမှတ်မိနိုင်လောက်တဲ့ ခန္ဓာကိုယ်ကနေ ယခုဆိုရင်အရမ်းကို လှပတဲ့ ခန္ဓာကိုယ် အချိုးအစားကို ရရှိထားပေမယ့်လည်း နောက်ထပ် ပေါင်(၃၀)လောက် ထပ်ကျဖို့အတွက် စက်တင်ဘာလအကုန်မှာ Gym ပြန်ဆော့မယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထာ း တာတွေ့ရပါတယ်။

Photo : အေသင်ချိုဆွေ FB

 

သမီးလေးကို ထိန်းပေးမယ့်သူ မရှိရင်လဲ Gym ကို ခေါ်သွားမယ်ဆိုပြီး ပြောထားပါသေးတယ်။

"ကဲ ဒီလကုန် gym ပြန်ဆော့မယ် ivy ကို ထိန်းပေးမယ်သူ မရှိလဲ သူ့ပါခေါ်သွားမယ်ကွယ် ။ PT ပါ ယူပြီး သေချာဆော့တော့မယ်။ ကိုယ့်ဇွဲကိုယ်ယုံတယ် လုပ်နိုင်မှန်းသိတယ်  ဆိုပြီး စက်တင်ဘာ(၂၂) ရက်နေ့ကသူမရဲ့ ဖေ့စ်ဘွတ်မှာေ ရးသားထားပါတယ်။

ဒါကြောင့် နောက်ထပ် ပေါင် (၃၀) မကျမချင်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ကိုယ်လုံးပုံကို လုံးဝမတင်တော့ဘူးဆိုပြီး ပြောထားပါသေးတယ်။ ပရိသတ် တွေကတော့ သူမရဲ့ ခံယူချက်လေးကို သဘောကျလို့နေကြပါတယ်။ သမီးလေးကို ထိန်းပေးမယ့် သူမရှိရင်လည်း ပရိသတ်တွေက လာထိန်းပေးမယ်ဆိုပြီး ကောမန့်တွေမှာေ ပြာထားကြပါသေးတယ်။

Photo : အေသင်ချိုဆွေ FB

ဝတယ်ပြောရင်တောင် စိတ်မဆိုးတော့ဘူးဆိုတဲ့ အေသင်ချိုဆွေ 

လက်ရှိမှာ Single Mother တစ်ယောက် အနေနဲ့ ဖြတ်သန်းနေရတဲ့အပေါ် အားပေးကြတဲ့ ပရိသတ်တွေ၊ အနုပညာ မောင်နှမ တွေ၊ အပေါင်း အသင်းတွေ ကိုလည်း အရမ်းချစ်တယ်လို့ ဆိုပါတယ်။ ဒါတွေကတော့ သူ့ရင်ထဲက လာတဲ့ စကားအစစ်အမှန်ပါလို့ ဆိုပါတယ်။

''ကျွန်မရဲ့ ဖြစ်တည်မှု လေးကို ချစ်ပေးကြတဲ့လက်ခံပေးကြတဲ့ အယောက်တိုင်း အားလုံးကို တကယ်ဘဲ အရမ်းကိုကျေးဇူးတင်တယ်။ ချစ်လည်း ချစ်တယ် ဒါရင်ဘတ်က စကားပါ'' ဆိုပြီးတော့လည်း စက်တင်ဘာလ ၁၉ ရက်နေ့ နေ ၅ နာရီ မိနစ် ၄၀ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။။ သူ့ရဲ့ သမီးလေး Ivy ကတော့ သြဂုတ်လ ၂၈ ရက်နေ့က တစ်နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။

 

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။

Photo : အေသင်ချိုဆွေ FB

 

သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့ရှိသလို စက်တင်ဘာ(၂၁) ရက်နေ့ကလည်း "ကမ္ဘာကြီးလောက်"ဆိုတဲ့ သီချင်းသစ်ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က