AD
AD
AD

သရုပ်ဆောင် ရွှေမှုံရတီက ညီမဖြစ်သူ ငွေမှုံရတီကို နောက်ဆုံးပေါ် I Phone X ဝယ်ပေးလိုက်တာ ဖြစ်ပါတယ်။ အမဖြစ်သူရဲ့ လုပ်ရပ်ကတော့ ညီမလေး ငွေမှုံရတီအတွက် အံ့သြသွားစေခဲ့ပါတယ်။

ငွေမှုံရတီကတော့ အရမ်းကို ပျော်နေပါတယ်။

play

 

သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း လက်ဆောင်ရထားတဲ့ ဖုန်းလေးတွေကို ဓာတ်ပုံရိုက်ပြီးတော့ ယခုလို ရေးသားထားပါတယ်။

"OMG Thank Q so much Thal Shwe Mhone Yati ပျော်လိုက်တာ မထင်ထားဘူး။ ၃ ယောက်ဆင်တူလေးတွေ Nan San Moil " ဆိုပြီး ပြောထားပါတယ်။

ပရိသတ်တွေကတော့ အမဖြစ်သူ ရွှေမှုံရတီရဲ့ စိတ်ထားလေးကို ချီးကျူးထားသလို ညီမဖြစ်သူ ငွေမှုံရတီရဲ့ နေရာမှာလည်း နေချင် နေကြပါတယ်။

play

 

တချို့ ပရိသတ်တွေကတော့ ဖုန်းအသစ်ရပြီဆိုတော့ အဟောင်းကို စွန့်ကြဲပါဆိုပြီးတော့လည်း နောက်ပြောင်ထားပါသေးတယ်။

ရွှေမှုံရတီနဲ့ ငွေမှုံရတီ ညီမတွေကတော့ အနုပညာလောကမှာ ရပ်တည်နေသူ နှစ်ဦးဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ ယခုအချိန်မှာ ငယ်ငယ်လေးနဲ့ အောင်မြင်မှု ရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

play

 

ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာ သူတစ်ဦးဖြစ်ပြီး အသက်(၁၉)ကျော်သာ ရှိသေးပေမဲ့ အောင်မြင်နေပြီဖြစ်တဲ့ မင်းသမီး တစ်ဦး ဖြစ်ပါတယ်။

ငွေမှုံရတီကတော့ လက်ရှိမှာ ပညာရေးနဲ့ အနုပညာကို တွဲဖက်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ဗီဒီယို ဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးနေရပြီး ပရိသတ်တွေအသိအမှတ်ပြု အားပေးနေတဲ့ သရုပ်ဆောင်သစ်တစ်ယောက်လည်း ဖြစ်ပါတယ်။

Postby

 

Photo : ငွေမှုံရတီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD