AD
AD
AD
play

 

Galaxy Star သီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ အဆိုတော် Key က ယခုလက်ရှိ ထွက်ပေါ်နေတဲ့ မူးယစ်ဆေးဝါးသုံးတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြန်ဖြေရှင်းပေးခဲ့တာဖြစ်ပါတယ်။ လူတချို့က key ကို မူးယစ်ဆေးဝါး သုံးစွဲနေတယ်ဆိုပြီး Key ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ လိုက်ဖွခဲ့တယ်လို့ သိရပါတယ်။

play

 

Key ဟာ ယခင်က မူးယစ်ဆေးဝါးကို (၅)နှစ်နည်းပါးလောက် သုံးစွဲခဲ့ဖူးတယ်ဆိုတာကို သူပြိုင်ပွဲဝင်ကာလတုန်းက ပရိသတ်တွေ ကို  ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ယခုအခါမှာ မူးယစ်ဆေးနဲ့ ပြတ်ခဲ့တာ (၃)နှစ်လောက်ရှိခဲ့ပါပြီ။ ဒီလိုဆေးပြတ်နေတဲ့အချိန်မှ ယခုလို သတင်းတွေ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး Key က Duwun Media ကို ယခုလို ရင်ဖွင့်ခဲ့ပါတယ်။

"ကျွန်တော်အရင်က သုံးခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာတော့မဟုတ်ဘူး ။မလေးသွားပြီး အလုပ်သွားလုပ်တုန်းက စမ်းမိသွားတာပေါ့။ ငါးနှစ်လောက်သုံးခဲ့ဖူးတယ်။ မိသားစုက ကိုယ့်ကိုမလိုချင်တော့တဲ့အခြေအနေတစ်ခုကို ရောက်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် ကျမ်းစာကျောင်းကိုရောက်သွားခဲ့တယ်။ ရောက်သွားတော့ ဆေးလည်း ပြတ်သွားခဲ့တယ်။ အခုဆို ဆေးပြတ်တာ (၂)နှစ်(၃)နှစ်ကျော်လောက် ရှိခဲ့ပါပြီ။ ကင်းသွားရတဲ့ အဓိက ရည်ရွယ်ချက်ကလည်း တစ်ခုပဲရှိတယ်။ ကျွန်တော်လူတွေအတွက် အသုံးကျတဲ့ သူတစ်ယောက်ဖြစ်ချင်တယ်။ ကျွန်တော်ဆေးပြတ်တာနဲ့ ပတ်သက်ပြီး ကျွန်တော့်အသိုင်းအဝိုင်းက လူတွေလည်း တော်တော်များများ သိပါတယ်။ ဒါပေမယ့် အခုမှ ပြန်ပြီးတော့ ဖွနေကြတာပေါ့နော်။ ကျွန်တော်မလုပ်တော့တဲ့ အချိန်ကျမှ အဲ့ဒါကို ပြန်ဖွတော့  ကျွန်တော်လည်း လိုက်ရှင်းနေရတယ်။ အကုန်လုံးက ပြန်သုံးနေပြီလားဆိုတဲ့ မေးခွန်းတွေနဲ့ ကျွန်တော့်ကို ကြည့်နေကြတာပေါ့။ကျွန်တော့်ပရိသတ်တွေလည်း မယုံဘူးဆိုရင် နောက်ဆုံးဗျာ လိုအပ်လာမယ်ဆိုရင် ကျွန်တော်ဆေးစစ်ချက်တွေတောင် စစ်ပြိး ပြဖို့ စဉ်းစားထားပါတယ် "လို့ key က ပြောပြခဲ့ပါတယ်။

play

 

လူငယ်မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ Key က ပြီးခဲ့တဲ့ ရက်ပိုင်းကမှ KEY ဆိုတဲ့ မီနီအယ်လ်ဘမ်ကို ထွက်ရှိထားသူပါ။

Key ရဲ့ ပထမဆုံးအခွေနာမည်ကတော့ Key လို့ ပေးထားပြီး သီချင်းငါးပုဒ် ပါဝင်မှာ ဖြစ်ကာ မြန်မာသီချင်းလေးပုဒ်နဲ့ အင်္ဂလိပ် သီချင်းတစ်ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။

play

 

အဲ့ဒီအခွေမှာ ပါဝင်တဲ့ တေးရေးတွေကတော့ တေးရေးဆရာရွှေဂျော်ဂျော်၊ ဝေကြီး၊တို့က ရေးသားထားပြီးတော့ အတီးပိုင်းကိုတော့ ချမ်းအေးဝင်း / DJ Rush တို့က ပုံဖော်ပေးထားပါတယ်။အင်္ဂလိပ် သီချင်းကိုတော့ ကိုရီးယားမှာ Shinee ၊ Miss A ၊ Infinte၊ Apink၊  Lovely & Gfriend အစရှိတဲ့ နာမည်ကြီးအဆိုတော်များကို သီချင်းရေးသားထုတ်လုပ်ပေးတဲ့  Music producer မှ ရေးသားထုတ်လုပ်ပေးထားခြင်း ဖြစ်ပါတယ်။Key Lashi ရဲ့ EP album ပြင်ဆင်ထုတ်လုပ်ခြင်း ကို 1004 Entertainment မှ တာဝန်ယူ ဆောင်ရွက်ပေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

Photo : Key FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD