နုပျိုပြီး ချစ်ဖို့ကောင်းလိုက်တာ။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက Let's Go အဖွဲ့နဲ့အတူ ဗီယက်နမ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ အနုပညာမောင်နှမ သူငယ်ချင်းတွေ အများကြီးနဲ့ ခရီးတွေ သွားနေတဲ့ သူမက ဘယ်လိုတွေတောင် ပျော်နေမလဲနော်။

Photo : နန်းမြတ်ဖြိုးသင်း FB

 

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ လက်ရှိမှာ Let's Go အစီအစဉ်နဲ့ ခရီးတွေ သွားနေတာ တွေ့ရပါတယ်။ ယခုလက်ရှိ ဗီယက်နမ်သို့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ဗီယက်နမ်ကို ရောက်ရှိနေတဲ့ သူမက ခရီးသွားပုံရိပ်အသစ်လေးတွေကိုလည်း ပရိသတ်တွေအတွက် သူမရဲ့ ဖေစ့်ဘွတ်ကနေ တင်ပေးထားတာကိုလည်း တွေ့ရပါတယ်။

နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေ သိရှိနိုင်အောင် အမြဲတမ်း ပြောပြတတ်သူလည်း ဖြစ်ပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း FB

Let's Go အစီအစဉ်နဲ့ ဗီယက်နမ်ကို သွားနေတဲ့အထဲမှာ သူမနဲ့ အတူ စံရတီမိုးမြင့်၊ Bobby Soxer ၊ နန်းသူဇာ၊ လွှမ်းပိုင်၊ကျော်ထွဋ်ဆွေ၊ အလင်းရောင်၊ တိုင်ရွန်၊ မိုးယံဇွန်တို့အပြင် အခြားသော အနုပညာရှင်တွေလည်း ပါဝင်ကြပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ Let's Go အစီအ စဉ်မှာ ယခင်ကတည်းက ပါဝင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ဒီတစ်ခေါက် Let's Go အစီအစဉ်မှာတော့ ခင်ပွန်းနဲ့အတူ ပထမဆုံး ခရီးတွေ သွားဖြစ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း FB

မွေးနေ့မှာ ခင်ပွန်းနဲ့အတူ သာသနာ့ဘောင်ဝင်ခဲ့တဲ့ နန်းမြတ်ဖြိုးသင်း  

နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ မွေးနေ့ဖြစ်တဲ့ (ဇွန်လ၂)ရက်နေ့မှာ ခင်ပွန်းနဲ့အတူ သာသနာ့ဘောင်ထဲကို ဝင်ရောက်ခဲ့ပါသေးတယ်။ သူငယ်ချင်း ဖြစ်သူ နန်းသူဇာလည်း သူမနဲ့အတူ သီလရှင်ဝတ်ခဲ့ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့ သူငယ်ချင်းနှစ်ယောက်ဟာ နယ်ပယ် တစ်ခုစီမှာ အောင်မြင်နေကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။

နန်းသူဇာ ဟာ ဂီတဘက်မှာ ပရိသတ်အားပေးမှု ရရှိနေသူ တစ်ဦးဖြစ်ပြီး နန်းမြတ်ဖြိုးသင်းက ဂီတပိုင်းနဲ့စတင်ခဲ့ပေမဲ့ အခုဆိုရင် ပရိသတ် အား ပေးမှု အခိုင်အမာရရှိနေတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့နေပါပြီ။ သူတို့နှစ်ဦး အတူတူသီဆိုထားတဲ့ "Friend" ဆိုတဲ့ သီချင်းခွေဟာ လည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သီချင်းခွေဖြစ်ပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း FB

 

သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ နန်းမြတ်ဖြိုးသင်းဟာ  ချစ်သူသက်တမ်းသုံးနှစ် ခွဲလောက်မှာ ရွှေလက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက နန်းမြတ်ထက် လေးနှစ်ကြီးတယ်လို့လည်း သိရပါတယ်။

နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာညစာစားပွဲ ကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က