AD
AD
AD

မိန်းကလေးချင်း ချစ်ကြကြိုက်ကြတဲ့ အကြောင်းကို ရေးဖွဲ့ထားတဲ့ သီချင်းလေး တစ်ပုဒ်ကတော့ မကြာခင် ပရိသတ်တွေ နားဆင်ရတော့မှာ ဖြစ်ပါတယ်။

အဲ့ဒီသီချင်းကို စန္ဒီမြင့်လွင်နဲ့ ဆိုဖီယာတို့ တွဲဖက်သီဆိုထားတာလည်း ဖြစ်ပါတယ်။

play

 

သီချင်းလေးနာမည်ကတော့ IDFC လို့ပေးထားပါတယ်။ အဲ့ဒီသီချင်းလေးကို ဒီဇင်ဘာထဲမှာ ထွက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

‘‘ဒီးဒီက မိန်းကလေးဖြစ်လို့ မိန်းကလေးနှစ်ယောက်ချစ်ကြိုက် တဲ့ အကြောင်းကိုဆိုခဲ့တယ်ဆို ပေမယ့် တကယ်တမ်းကျတော့ ဒီး ဒီရည်ရွယ်ချက်က အဲဒီသီချင်းက LGBT အားလုံးအတွက် အကုန် လုံးသူတို့ကို တတ်နိုင်သလောက် အထောက်အကူပြုစေဖို့ Support လုပ်ပေးတဲ့သီချင်းမျိုးပါ’’ လို့ ပြောပြထားပါတယ်။

play

 

IDFC သီချင်းကို တေးရေး မိုးထက်က ရေးဖွဲ့ပေးထားတာ ဖြစ်ပြီး FG အင်တာတိန်းမန့်က ထုတ်လုပ်ပြီး အဆိုတော် ဆိုဖီယာနဲ့ စန္ဒီမြင့်လွင်တို့က တွဲဖက်သီဆိုထားတာ ဖြစ်ပါတယ်။

ယင်းသီချင်းရဲ့ မြူးဇစ်ဗီဒီယိုမှာတော့ စန္ဒီမြင့်လွင်၊ ဆိုဖီယာ၊ Bella နဲ့ ဂျက်ဆီကာဒါဒါတို့ ပါဝင်ထားတယ်လို့ သိရပါတယ်။

play

 

LGBT တွေအတွက် ရေးစပ်ထားတဲ့ IDFC သီချင်းဟာ ပရိသတ်တွေ ထူးခြားမယ့် သီချင်းတစ်ပုဒ် ဖြစ်ပြီး ရသသစ်တစ်မျိုးကို ပေးစွမ်းနိုင်မယ့် သီချင်းမျိုး ဖြစ်ပါတယ်။

LGBT ဆိုတာကတော့ Lesbian၊ Gay ၊ Bisexual နဲ့ Transgender အုပ်စုကို ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

Postby

 

Photo : ဆိုဖီယာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD