ဒီပေ့ချ်ကနေ ဘာတွေဆက်လုပ်သွားမလဲ ပြောပြခဲ့ပါတယ်။

ဥက္ကာမင်းမောင်က LGBT တွေ နဲ့ ပတ်သက်တဲ့  အကြောင်းအရာတွေကို တင်ပြသွားဖို့ ကိုယ်ပိုင် Facebook Page တစ်ခုကို ဖွင့် လိုက်ပါပြီ။ ဒီ Page ကနေ လုပ်ဆောင်သွားမယ့် အကြောင်းအရာတွေကိုလည်း သူက ပြောပြထားပါတယ်။

Photo: ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်

 

သရုပ်ဆောင် အဆိုတော် ဥက္ကာမင်းမောင်က LGBT အားလုံးအတွက် သီးသန့် Facebook Page လေး တစ်ခုဖွင့်လိုက်ပါပြီ။ ဒီ Page လေးကို လည်း အမှတ်တရအနေနဲ့သူ့ရဲ့ မွေးနေ့မှာ စတင်ဖွင့်ဖြစ်ခဲ့တာလို့ သိရပါတယ်။

'' ကျွန်တော် LGBT Blogger/influencer တစ်ယောက်အနေနဲ့ခရီးအစ LGBT တွေအားလုံးအတွက် ကျွန်တော့်ရဲ့ မွေးနေ့မှာ စတင်ပြီး ဖန်တီး မွေးဖွား လိုက်တဲ့ UNOKKARN & ME page လေးပါ။ မြန်မာလို အသံထွက်ကတော့ ယူနိုကွန်းန် ပါ'' ဆိုပြီးတော့ စက်တင်ဘာလ ၁၈ ရက်နေ့ ည ၁၁နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တရားဝင်ပြသခဲ့တာဖြစ်ပါတယ်။

Photo: ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်

 

ဥက္ကာမင်းမောင်ဟာ အခုလက်ရှိမှာတော့ New York မှာနေထိုင်တာဖြစ်ပါတယ်။ အခွင့်အရေး ရရင် ရသလို New York မှာရှိတဲ့ အနုပညာ အလုပ်တွေမှာလည်း ပါဝင်ကြိုးစားနေတာဖြစ်ပါတယ်။ လက်ရှိမှာ သူတည်ထောင်လိုက်တဲ့ UNOKKARN & ME page ကနေ တဆင့် မကြာခဏ ဆိုသလို ပရိသတ်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

''အချိန်ရရင်ရသလို LGBT တွေနဲ့ ပတ်သတ်တဲ့ video file လေးတွေ၊သတင်းလေးတွေ၊ မိတ်ကပ်၊ဖက်ရှင်၊personal stories လေးတွေ၊ဟာသ ဗီဒီယိုလေးတွေလဲ ဒီ Page ကနေတင်သွားပါမယ်။ Official Logo ကတော့ဆွဲတုန်း မို့လို့ လောလောဆယ် ဒါလေးပဲတင်ထားတယ်'' ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့ပါသေးတယ်။

မွေးနေ့မှာ ဖခင်ကို လွမ်းဆွတ်သတိရနေတဲ့ ဥက္ကာမင်းမောင် 

Photo: ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်

 

ဥက္ကာမင်းမောင်ဟာ အခုလက်ရှိမှာတော့ New York မှာ နေထိုင်တာဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo: ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်

 

ဥက္ကာမင်းမောင်က Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင် ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ပြီး 18 Album သီချင်းခွေလည်း ထွက်ရှိထား ပါတယ်။``

Share

Loading Next Article...
က္က