သူမရဲ့ စိတ်ကူးလေးတွေ အကောင်အထည် ပေါ်သွားပါပြီ။

ခိုင်နှင်းဝေက LGBT ကို Support လုပ်တဲ့ ဆိုင်လေး တစ်ဆိုင် ဒီနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။လူလူချင်း တန်ဖိုးထားတတ်သူများ ဆုံဆည်းဖို့ နေရာလေး တစ်ခုဖြစ်မှာပါလို့လည်း သူမက ဆိုပါတယ်။



 

ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေက ဒီနေ့မှာ သူမရဲ့ စိတ်ကူးအိမ်မက်လေးကို အကောင်အထည်ဖော်နိုင်သွားပါပြီ။ ခိုင်နှင်းဝေဟာ  ဒီနေ့(ဇူလိုင်၁၀)ရက်နေ့မှာ My Place ဆိုတဲ့ စားသောက်ဆိုင်လေးတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။

အဲ့ဒီဆိုင်လေးကို တာမွေမြို့ ဒဂုံသီရိလမ်းမှာ ဖွင့်လှစ်ထား တာ ဖြစ်ပြီး သူမနဲ့အတူ သူမရဲ့ ဘေးနားမှာ အမြဲအတူတူ ရှိပေးခဲ့တဲ့ JDတို့ ကြိုးစားပြီး ဖွင့်ထားတဲ့ ဆိုင်လေး တစ်ဆိုင်လည်း ဖြစ်ပါတယ်။JD ဟာ သူ့ဘေးနားမှာ အမြဲတမ်း ရှိနေပေးခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်း တစ်ဦးဆိုလည်း မမှားပါဘူး။

 

My Place လို့ နာမည်ပေးထားတဲ့ ဆိုင်လေးဟာ ကော်ဖီဆိုင်သက်သက် စားသောက်ဆိုင် သက်သက်မဟုတ်တဲ့ နေရာလေး တစ်ခုဖြစ်တယ် ဆိုပြီး ပြောထားပါတယ်။

"My Place တဲ့...စားသောက်ဆိုင်သက်သက် ကော်ဖီဆိုင်သက်သက် မဟုတ်တာကြောင့် ဘာဆိုင်လဲလို့မေးရင် ဖြေရနည်းနည်းခက်ပါတယ်။ အစားအသောက်ရော ကော်ဖီကောင်းကောင်းလေးရောအပြင် လူကိုလူလို တန်ဖိုးထားတတ်သူများအတွက် ဆုံဆည်းရာ နေရာလေးတစ်ခုဖြစ် မှာပါ။ဒါကြောင့် My Place ဆိုတဲ့ ဆိုင်နာမည်လေးဟာ JD ရဲ့ Place ကျွန်မရဲ့ Place ဖြစ်နေသလိုလူသား အားလုံးရဲ့ Place လည်း ဖြစ်လို့ လာအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင် " ဆိုပြီး ဇူလိုင်(၁၀) ရက်နေ့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာပါ ပရဟိတ လုပ်ခွင့်ရလို့ ဂုဏ်ယူနေတဲ့ ခိုင်နှင်းဝေ 

သူတို့ နှစ်ဦးရဲ့ ဆိုင်ဖွင့်ပွဲလေးကို အနုပညာရှင်တွေ တော်တေ်ာများများ တက်ရောက်ခဲ့ကြပါတယ်။ LGBT ကို Support လုပ်ပေးတဲ့ နေရာ လေးတစ်ခုဖြစ်တာကြောင့် သူမရဲ့စိတ်ကူးလေးကို ပရိသတ်တွေက လက်ခံချီးကျူးကြတာကိုလည်း သူမပို့စ်အောက်က ကောမန့်မှာ အများကြီးပါ။

ခိုင်နှင်းဝေဟာ လက်ရှိမှာ အနုပညာအလုပ်တွေနဲ့အတူ သူမဝါသနာပါရာ ပရဟိတအလုပ်လေးတွေကို လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမရဲ့ ခိုင်နှင်းဝေပရဟိတအသင်းဟာ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာလည်း ဖွဲ့စည်းထားနိုင်သူပါ။

 

သူမဦးစီးတဲ့ ပရဟိတအသင်းကြီးဟာ ထိုင်းနိုင်ငံမှာပါ ရှိလာနိုင်တဲ့အတွက် သူမအနေနဲ့ အရမ်းကို ဂုဏ်ယူမိတယ်လို့  သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားဖူးပါတယ်။

"ဘယ်နေရာရောက်ရောက် ကျွန်မကို အနုပညာရှင်အဖြစ် ချစ်ခင်မှုရော ပရဟိတသမားအဖြစ် လက်ခံပေးပြီး ကျွန်မအားပေး စကား တွေအတွက် သူတို့ စိတ်ဓာတ်ခွန်အားရတယ်ဆိုတဲ့အတွက် ကျွန်မဝမ်းသာမိပါတယ်။ ထိုင်းနိုင်ငံမှာ ကျွန်မအသင်း ရှိလာတဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်" လို့ ခိုင်နှင်းဝေရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က