AD
AD
AD
play

 

မိန်းကလေးပရိသတ်များရဲ့ အသည်းကျော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ကို ဧပြီလ(၁၀)ရက်နေ့ ရန်ကုန်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Birthday Show တိုင်းကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ စိုင်းစိုင်းက ဒီနှစ်မှာလည်း ပရိသတ်တွေအတွက် အဆင်ပြေစေမယ့် အစီအစဉ်တစ်ခုဆောင်ရွက်လို့ထားပါတယ်။

play

 

အဲ့ဒါကတော့ စိုင်းစိုင်းရဲ့ Birthday Show ကို အွန်လိုင်းကနေ Live ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ယင်းအစီအစဉ်ကို စိုင်းစိုင်းနဲ့ iflix တို့ပူးပေါင်းပြီး ဆောင်ရွက်တာလို့ သိရပါတယ်။

လူပေါင်း ၁၅၀၀၀ကျော်လောက် တက်ရောက်အားပေးလေ့ရှိတဲ့ စိုင်းစိုင်းရဲ့ ပွဲကို မလာနိုင်တဲ့ ပရိသတ်တွေအတွက် ရော ထိုင်းနိုင်ငံရောက် မြန်မာတွေအတွက် iflix ကနေ Live အနေနဲ့ ကြည့်ခွင့်ရမှာ ဖြစ်ပါတယ်။

play

ပရိသတ်တွေ စောင့်မျှော်နေတဲ့ စိုင်းစိုင်းရဲ့ မွေးနေ့ရှိုးကို iflix ကနေ ဖုန်း၊ လက်ပ်တော့၊ တက်ဘ်ဘက်နှင့် စမတ်တီဗီ တို့ဖြင့် လစဉ်ကြေး ပေးသွင်းစရာမလိုပဲ ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မွေးနေ့ရှိုးကို Live ပြသခွင့်ရတာနဲ့ ပတ်သက်ပြီး စိုင်းစိုင်းက "ကျွန်တော့်မွေးနေ့ပွဲကို ပထမဆုံးအနေနဲ့ online streaming Live ပြသရမှာကို ဂုဏ်ယူဝမ်းသာမိပါတယ် စိတ်လည်းလှုပ်ရှားတယ် ပွဲမလာနိုင်တဲ့ အနယ်နယ်အ ရပ်ရပ်က ပရိသတ်တွေလည်း ကျနော့်ပွဲကို ရှုစားနိုင်မှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

play

အောင်မြင်မှုတွေနဲ့အခုချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲ ရှိနေသူ စိုင်းစိုင်းဟာ ၁၉၇၉ခုနှစ် ဧပရယ်မှာ မွေးဖွားခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အသက်(၃၈)နှစ်ထဲကို ရောက်ရှိနေပြီဖြစ်တဲ့ စိုင်းစိုင်းက ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ပြီး  ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာထွက်ရှိထားသူဖြစ်ပြီး အနုပညာလောကမှာ အောင်မြင်နေသူ တစ်ယောက်ဖြစ်ပါတယ်။

Photo : စိုင်းစိုင်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD