AD
AD
AD
play

 

သရုပ်ဆောင် ဘေဘီမောင်က ဒီနေ့(မေလ၂၃ရက်)မှာ မုဒိမ်းကျင့်ခံရပြီး သေဆုံးခဲ့တဲ့ မအေးအေးခိုင်ရဲ့ မိသားစုကို သွားရောက်တွေ့ဆုံပြီး တက်နိုင်သ၍လည်း သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

ယင်းမိသားစုနဲ့ တွေ့ဆုံလှူဒါန်းခဲ့ပုံလေးတွေကိုလည်း ဘေဘီမောင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပေမယ့် ပရိသတ်တချို့ရဲ့ အားပေးမှုကို မရခဲ့ပဲ ဝေဖန်မှုတွေနဲ့တွေ့ဆုံခဲ့ရတယ်လို့ သိရပါတယ်။  

play

သူမအခုလို သွားရောက်လှူဒါန်းခြင်းဟာ ပေါ်ပျူလာ ဖြစ်ချင်လို့ သွားရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ကလေးတွေရဲ့ မျက်နှာကို ဖော်ပြီး ဓာတ်ပုံတင်ခဲ့တာတွေ စတာတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေဝေဖန်ခဲ့တာပါ။

"ဘေဘီဒီနေ့သွားလှူခဲ့တာဟာ နာမည်ကြီးချင်လို့ အောင်မြင်ချင်လို့ မဟုတ်ပါဘူး။ စိတ်ထဲမှာ ရှိတဲ့ သဒ္ဒါတရားလေးနဲ့လှူချင်တန်းချင်တဲ့ စိတ်ကြောင့် သွားလှူခဲ့တာပါ။Likeရတာတွေ ကောမန့်ရတာတွေ ဘေဘီစိတ်မဝင်စားပါဘူး။ ဘေဘီအောင်မြင်ချင်ရင် ဘေဘီအနုပညာနဲ့ အောင်မြင်အောင် လုပ်လို့ရပါတယ်။အလှူလုပ်တာနဲ့ ပတ်သက်ပြီး ဘေဘီကို ချစ်တဲ့သူတွေ ချီးကျူးခဲ့ကြပေမယ့် တချို့တွေက ဘေဘီကို နာမည်ကြီးချင်လို့ ကျော်ကြားချင်လို့ ပုတ်ခတ်ပြီး ပြောကြတာတွေရှိတယ် ။ တချို့ဆိုရင် ကလေးတွေရဲ့ မျက်နှာကို ဝါးဖို့ မပါသင့်ဘူး ဆိုပြီး ပြောတယ်။ ကာကယံရှင်တွေကိုယ်တိုင် လက်ခံလို့ ရိုက်ခဲ့ပြီး ပုံတင်ခဲ့တာပါ။ တချို့လူတွေရဲ့ ပုတ်ခတ်ပြောတာတွေက ဘေဘီကို စိတ်မကောင်းဖြစ်စေတယ်။ ဘေဘီရဲ့စေတနာတရားကို စော်ကားပြီးတော့ ပုတ်ခတ်တာ တော်တော့်ကို စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ကိုယ်တိုင်လည်း မလှူဘူး သူများလှူတော့လည်း ဝေဖန်ကြတယ်။ " ဆိုပြီး သူမရဲ့ Live ထဲမှာ ပြောသွားပါတယ။်

Postby

 

ဝေဖန်သူတွေ ပြောကြပေမယ့်လည်း သူမအနေနဲ့ လှူဒါန်းမှုတွေ ဆက်လက်လုပ်သွားဦးမယ်လို့ ဆိုပါတယ်။ ဘေဘီမောင်ဟာ  မေလ(၁၉)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မုဒိမ်းကျင့်ခံရပြီး သေဆုံးခဲ့တဲ့  မအေးအေးခိုင် မိသားစုကို သွားရောက်တွေ့ဆုံခဲ့ပြီး ငွေသုံးသိန်းကျပ် တိတိ လှူဒါန်းခဲ့ပါတာ ဖြစ်ပါတယ်။

သနားစရာကောင်းပြီး ချို့တဲ့တဲ့ မိသားစုလေးအတွက် အလှူရှင်များများပေါ်ပေါက်စေဖို့ကိုလည်း ဆုတောင်းပေးလျက်ရှိပါတယ်။

play

ဘေဘီမောင်ဟာ ယခုနောက်ပိုင်းမှာ အလှူအတန်းတွေ တော်တော်များများ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ ဝတ်စားဆင်ယင်မှုက အစပြောင်းလဲလာတဲ့ သူမက ပရိသတ်အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။ခန္ဓာကိုယ် အချိုးအစားလေးက ပြောစရာမလိုအောင် လှနေတဲ့ ဘေဘီမောင်အဖို့ မြန်မာဝတ်စုံလေးနဲ့လိုက်ဖက်လွန်းလှပါတယ်။ ယခင်က Sexy ဆန်ဆန် ဓာတ်ပုံတွေကို ဓာတ်ကူးခဲ့ဖူးတဲ့ ဘေဘီမောင်က ယခုနောက်ပိုင်းမှာ မြန်မာဆန် ဆန်လေးတွေကို ပိုအသားပေး ဝတ်ဆင်ကာ မြန်မာဆန်ဆန်ဓာတ်ပုံလေးတွေ ရိုက်ကူးဖြစ်နေသူလည်း ဖြစ်ပါတယ်။

 

Photo : ဘေဘီမောင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD