AD
AD
AD
play

 

နိုင်ငံပေါင်း (၉၀)ကျော်မှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြရမယ့် Miss Earth 2016 ပြိုင်ပွဲကတော့ မကြာခင် စတင်တော့မှာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် နန်းခိုင်ရွှေဝါဝင်းကလည်း ပြင်ဆင်မှုတွေ ပြုလုပ်ကာ အောက်တိုဘာ(၅)ရက်နေ့မှာ ပြိုင်ပွဲပြုလုပ်မယ့် Philippines နိုင်ငံသို့ သွားရောက်တော့ မှာ ဖြစ်ပါတယ်။

play

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် နန်းခိုင်ရွှေဝါဝင်းကတော့ ပြိုင်ပွဲအတွက် အင်အားတွေအပြည့်နဲ့ အဆင်သင့်ဖြစ်နေပြီလို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

အောက်တိုဘာ(၅)ရက်နေ့ နံနက်(၉)နာရီမှာလည်း သူမရဲ့ ပရိသတ်များနဲ့ ရန်ကုန်အပြည်အပြည်ဆိုင်ရာ လေဆိပ်မှာ ဆုံဖို့အတွက်လည်း ပြောထားပါသေးတယ်။

Photo : နန်းခိုင်ရွှေဝါဝင်း ဖေ့စ်ဘွတ်၊  Minko

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD