ရွှေအိမ်စည်ကို အားပေးမယ့် ပရိသတ်လေးတွေ အဆင်သင့်ပဲလား။

ပရိသတ်အချစ်တော်မလေး ရွှေအိမ်စည်ကတော့ Miss Golden Land Myanmar 2018 ပြိုင်ပွဲကြီးအတွက် ရခိုင်ပြည်နယ် ကိုယ်စားပြုအလှမယ် တစ်ယောက်အဖြစ် ရွေးချယ်ခံထားရပါတယ်။ ပြိုင်ပွဲ မပြိုင်ခင်တုန်းကလည်း ရွှေအိမ်စည်က ရုပ်ရှင် ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာ ဖြစ်တယ်။

Photo: Shwe Eain Si Facebook

 

ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ပြည်နယ် နှင့် တိုင်း အလှမယ် ရွေးချယ်လျှက်ရှိရာ လတ်တလောပရိသတ်အား ပေးနေကြတဲ့ ရွှေအိမ်စည်လေးကတော့ ရခိုင်ပြည်နယ်ကိုယ်စားပြု အလှမယ်တစ်ယောက်အဖြစ် ရွေးချယ်ခြင်းခံလိုက်ရတယ် ဆိုတာကို Miss Golden Land Myanmar ရဲ့ တရားဝင်Facebook Page ကနေ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၄ နာရီက ကြေညာလိုက်တာဖြစ်ပါတယ်။

'' Miss Golden Land Myanmar 2018 ပြိုင်ပွဲကြီးအတွက် ရခိုင်ပြည်နယ်ကိုယ်စားပြုအလှမယ်အဖြစ် အသက်(၁၉)နှစ် အရွယ် ၊ အလှမယ် ရွှေအိမ်စည် ကို ရွေးချယ်လိုက်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်များရွေးချယ်မည့် Miss Golden Land Myanmar 2018 ရွေးချယ်ပွဲကြီးကို သြဂုတ်လမှာ ခမ်းနားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါ'' ဆိုပြီးတော့ ကြေညာခဲ့တာပါ။

ရခိုင်အရေးကို ဖြစ်စဉ်မှန်သိရဖို့ ဗီဒီယိုရိုက်ကူး ရှင်းပြခဲ့တဲ့ အလှမယ် ရွှေအိမ်စည်

ရွှေအိမ်စည်ဟာရခိုင်ဒေသမှာ ကြုံတွေ့နေရတဲ့ ဖြစ်စဉ်များအပါအဝင် ၂၀၁၆ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့တဲ့ အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်များနဲ့ လူဝင်မှု ကြီးကြပ်ရေး အမှုထမ်းများကို အကြမ်းဖက် လှုပ်ရှားသူ များ တိုက်ခိုက်တဲ့ အကြောင်းကို ရခိုင်ဒေသ ပုံရိပ်များကို လည်း ဗီဒီယိုဖိုင်တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ဖူးပါတယ်။

Photo: Shwe Eain Si Facebook

 

ဒီဗီဒီယိုဖိုင်လေးကိုတော့ ဇော်ကိုကိုက ရိုက်ကူးထားတာဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ ဖြစ်စဉ်အစစ်အမှန်တွေကို သိရှိစေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရွှေအိမ်စည်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ပေးခဲ့ဖူးပါတယ်။ ကြည့်ရှုအားပေးသူ ပရိသတ်တွေကလည်းများစွာရှိခဲ့ပြီး ပြန်လည်မျှဝေကြတဲ့ ပရိသတ်တွေလည်း အများကြီးရှိခဲ့ပါတယ်။

Photo: Shwe Eain Si Facebook

 

အခုလက်ရှိမှာတော့ ရွှေအိမ်စည်ဟာ Miss Golden Land Myanmar 2018 ပြိုင်ပွဲကြီးကနေတဆင့် မြန်မာနိုင်ငံကိုယ်စားပြုတစ်ယောက် ဖြစ်လာ ဖို့ ပရိသတ်တွေအားပေးခွင့်ရတော့မှာဖြစ်ပါတယ်။ သူအနေနဲ့ ပြိုင်ပွဲတွေ မပြိုင်ခင်တုန်းကလည်း သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်ပြ့ီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားတာလည်း ရှိပါတယ်။

Share

Loading Next Article...
က္က