ခါးနံပါတ် ( ၃ ) ဖြစ်ပါတယ်။

Miss Myanmar World 2018 Winner ဆုကြီးကို အလှမယ် ဟန်တီတစ်ယောက် ပိုင်ဆိုင်လို့ သွားပါပြီ။ အလှမယ် ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖူးခဲ့သူ တစ်ဦးဖြစ်ပြီး Top 10 Finalist အထိ တက်လှမ်းနိုင် ခဲ့သူလည်း ဖြစ်သလို Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို  Miss Supranational Internet ဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

Photo: အာကာဖြိုး FB

Miss Myanmar World 2018 Grand Final ပြိုင်ပွဲကြီးကို ဇူလိုင်(၁၄)ရက်နေ့ ည(ရး၀၀)နာရီလောက်က စတင်ကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာတော့ Miss Myanmar World 2018 Winner ဆုကို အလှမယ် ဟန်တီက ရရှိခဲ့ပြီး ၊ 1st Runner up ကို အလှမယ် လင်းကလျာဦး ၊ 2nd Runner Up ဆုကို  ယမုံ တို့က အသီးသီးရရှိခဲ့ကြပါတယ်။

Photo: အာကာဖြိုး FB

ပြိုင်ပွဲမှာတော့ အလှမယ်များဟာ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ကြသလို မိမိတို့ရဲ့ Talent များကိုလည်း ပေါ်လွင်အောင် ယှဉ်ပြိုင် နိုင်ခဲ့ကြပါ တယ်။ Miss Myanmar World 2017ပြိုင်ပွဲမှာတော့ အလှမယ် အယောက်(၂၀)ထဲက Top(10)၊ Top(5) ဆိုပြီး အဆင့်ဆင့် ရွေးချယ်ခဲ့ကြတာ လည်း ဖြစ်ပါတယ်။

Miss Myanmar World 2018 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဟန်တီ 

အလှမယ် ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖူးခဲ့သူ တစ်ဦးဖြစ်ပြီး Top 10 Finalist အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို  Miss Supranational Internet ဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

 

Miss Myanmar World ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံမှာ ၂၀၁၄ခု နှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာကိုုယ် စားပြု အဖြစ် အလှမယ်ဝိုင်းလေးဟာ ၂၀၁၄ခုနှစ်က သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ အလှမယ် ခင်ရတနာသိန်းမြင့် ကသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၆ခုနှစ်မှာတော့ အလှမယ် မြတ်သီရိလွင်က မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးကျင်းပခဲ့တဲ့ Miss Myanmar World 2017 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် အိကျော့ခိုင်က ရရှိခဲ့ပြီး နိုင်ငံတကာ စင်မြင့်ထက်သို့ မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

 

Share

Loading Next Article...
က္က