AD
AD
AD
play

 

အလှမယ် ပြိုင်ပွဲကြီး တစ်ခုဖြစ်တဲ့ Miss Myanmar World 2018 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လိုသူများကို Miss Myanmar World Organization က ဖိတ်ခေါ်နေပါပြီ။ မကြာမီ အချိန်အတွင်းမှာ ထပ်မံရောက်ရှိလာတော့မယ့်  Miss Myanmar World 2018 အတွက် ဖောင်များကို Miss Myanmar World ဖေ့စ်ဘွတ်မှာ ရယူနိုင်သလို လူကိုယ်တိုင်လည်း မြန်မာပလာဇာ Ground Floor တွင် မနက်(၁၀)နာရီကနေ ညနေ(၅)နာရီအထိ လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားနိုင်တဲ့ နေ့တွေက မေလ(၃၀)ရက်နေ့စလို့ ဇွန်လ(၃)ရက်နေ့အထိ ဖြစ်ပါတယ်။

play

 

Miss Myanmar World အလှမယ်ပြိုင်ပွဲကို အသက်(၁၇)နှစ်မှ (၂၅)နှစ်အထိ အမျိုးသမီးငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ Miss Myanmar World 2018 အလှမယ်ပြိုင်ပွဲကြီးကို စိတ်ဝင်းစားတဲ့ အမျိုးသမီးငယ်များမှား   https://goo.gl/forms/0G5gNZMUTt GglCtt2 ကလည်း ဖောင်တင်လို့ရနေပါပြီ။

Miss Myanmar World ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံမှာ ၂၀၁၄ခု နှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာကိုယ်စားပြုအဖြစ်  အလှမယ်ဝိုင်းလေးဟာ ၂၀၁၄ခုနှစ်က သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ အလှမယ် ခင်ရတနာသိန်းမြင့်ကသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၆ခုနှစ်မှာတော့ အလှမယ် မြတ်သီရိလွင်က မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

နောက်ဆုံးကျင်းပခဲ့တဲ့ Miss Myanmar World 2017 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် အိကျော့ခိုင်က ရရှိခဲ့ပြီး နိုင်ငံတကာ စင်မြင့်ထက်သို့ မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

 

Photo : Miss Myanmar World

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD