တော်တော်စိတ်မကောင်း ဖြစ်နေမှာပဲ။

ခြေထောက်ဒဏ်ရာကြောင့် သူမမျှော်လင့်ထားတဲ့ ပွဲလေးနဲ့ လွဲခဲ့ရတဲ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်လို့နေပါတယ်။ သြဂုတ်လ(၁၆) ရက်နေ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် Miss Universe Reunion 2014 ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံထား ရပေမယ့် ခြေထောက်ဒဏ်ရာက မသက်သာသေးဘူးလိုု့ ဆိုပါတယ်။

Photo : သျှားထွဋ်အိန္ဒြာ FB

 

သျှားထွဋ်ဟာ သြဂုတ်လ(၁၆) ရက်နေ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Universe 2014 အလှမယ်များ မိတ်ဆုံစားပွဲကို တက်ရောက် ဖို့ ဖိတ်ကြားခြင်း ခံခဲ့ရပါတယ်။ အဲ့ဒီပွဲကို သွားဖို့အတွက် သျှားထွဋ်အနေနဲ့ အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ပေမယ့် မမျှော်လင့်ပဲ  ဒီကြား ထဲမှာ ထိခိုက်မှုဖြစ်ပြီး ခြေထောက်အရိုး အက်သွားတာကြောင့် ခရီးစဉ်နဲ့ လွဲသွားခဲ့တာ ဖြစ်ပါတယ်။

Photo : သျှားထွဋ်အိန္ဒြာ FB

 

"သွားဖို့အတွက်လဲ Confirm ထားပီးသားဖြစ်ပါတယ်။ လေယာဉ်လက်မှတ်လဲ ဝယ်ပြီးပြီ။ Reunion ဆိုပေမဲ့ ပြိုင်ပွဲပြန်ပြိုင်ရသလိုပဲဆိုတဲ့ စိတ်နဲ့ စိတ်ဓာတ်တွေကျနေတဲ့ကြားက ဝိတ်တွေလျော့ အဝတ်အစားတွေပြင်ဆင် အကုန်လုံးကိုအဆင့်သင့်ဖြစ်လို့နေခဲ့ပါပြီ။ ဒါပေမဲ့ဒီကြားထဲမှာ မထင်မှတ်ထားပဲ သျှား ထိခိုက်မှုဖြစ်လို့ ခြေထောက်အရိုးအက်သွားပါတယ်။" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၁၅) ရက်နေ့ ရေးသားထားတာ တွေ့ရပါတယ်။

Photo : သျှားထွဋ်အိန္ဒြာ FB

သျှားထွဋ်နဲ့လမ်းခွဲလိုက်ပြီလို့ ပြောလိုက်တဲ့ အောင်ရဲထိုက် 

သူမအနေနဲ့ အစကတော့ ပြန်သက်သာလာနိုင်တယ်ဆိုပြီး ဘယ်အရာမှ Cancel မလုပ်ခဲ့ပေမယ့်လည်း ဖီလစ်ပိုင်မှာ ပြုလုပ်မယ့် ရိုက်ကူးရေး တွေကို ကြည့်လိုက်တဲ့အချိန်မှာ ဒေါက်ဖိနပ်မစီးရတဲ့ ရက်တစ်ရက်မှ မရှိတာကြောင့် သူမစိတ်ညစ်ခဲ့ရပါတယ်။သူမရဲ့ ခြေထောက်အခြေအနေ ဟာ ဖိနပ်အကြပ်တောင် စီးလို့မရသေးတဲ့ အခြေအနေဖြစ်နေတာကြောင့် ဒေါက်ဖိနပ်စီးဖို့ ဘယ်လိုမှ မဖြစ်နိုင် ခဲ့တာ ဖြစ်ပါတယ်။

Photo : သျှားထွဋ်အိန္ဒြာ FB

 

အဲ့အတွက်ကြောင့်လည်း သူမကိုယ်တိုင် တော်တော့်ကို စိတ်မကောင်းဖြစ်နေရပါတယ်ဆိုပြီး ဆက်လက်ပြောထားတာ တွေ့ရပါတယ်။အခုတော့ သူမသွားဖို့အတွက် စုထားတဲ့ မုန့်ဖိုးလေးတွေကို အဖေနဲ့ အမေကိုပဲ ကန်တော့လိုက်တော့တယ်ဆိုပြီး ပြောထားပါသေးတယ။်

သူမအတွက် ပရိသတ်တွေသာမက သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ကြတဲ့ အလှမယ် ခင်ဝင့်ဝါ၊ အလှမယ် ဝိုင်းတို့ကလည်း စိတ်မ ကောင်း ကြောင်း ကောမန့်လေးတွေ ရေးသားထားထားကြပါတယ်။သျှားထွဋ်ဟာ သြဂုတ်လ(၄) ၇က်နေ့က လှေကားပေါ်က ချော်ကျရင်း အရိုးအက်သွားခဲ့တာ ဖြစ်ပါတယ်။

Photo : သျှားထွဋ်အိန္ဒြာ FB

 

သျှားထွဋ်အိန္ဒြာဟာ  Miss Universe Myanmar 2014 ဆု ရရှိထားတဲ့အလှမယ်တစ်ဦးဖြစ်သလို ပရိသတ်အားပေးတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က