AD
AD
AD
play

 

ဒီနေ့ (အောက်တိုဘာ ၆)ရက်နေ့ တွင် ပြုလုပ်မယ့်   Miss Universe Maynmar 2017 နောက်ဆုံးပြိုင်ပွဲတွင် အဆိုတော် ဘန်နီဖြိုးက သီချင်းသစ်တစ်ပုဒ်နဲ့ ပရိသတ်များကို ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ အဲဒီသီချင်းသစ်ဟာ ဘန်နီဖြိုးရဲ့ တတိယတေးစီးရီးခွေဖြစ်တဲ့ "Lucky " အခွေထဲက သီချင်း သစ်ကို ဒီနေ့ညပွဲ မှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။

play

 

သီချင်းသစ်ကို နားထောင်ချင်တဲ့ ပရိသတ်တွေအနေနဲ့ Miss Universe Myanmar 2017 ပြိုင်ပွဲကို တိုက်ရိုက် ထုတ်လွှင့်ပြသမယ့် MNTV နဲ့ Channel -9 တို့မှာ ကြည့်ရှုနိုင်တယ်လို့ ဘန်နီဖြိုးက သူ့ရဲ့ ပရိသတ်တွေအတွက် ပြောပြထားပါတယ်။ တတိယတစ်ကိုယ်တော်အခွေဖြစ်တဲ့ "Lucky" ကိုတော့ မကြာခင် ထွက်တော့မှာ ဖြစ်ပြီး အဲဒီအခွေထဲတွင် သီချင်း ၁၂ပုဒ်ပါဝင်တယ်လို့ သိရပါတယ်။

Photo : ဘန်နီဖြိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD