AD
AD
AD

Miss Universe Myanmar 2017 အလှမယ် ဇွန်သံစဉ်ကတော့  အမေရိကန်နိုင်ငံ Las Vegas မြို့မှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဇွန်သံစဉ်ဟာ ဒီနေ့(နိုဝင်ဘာ၉ရက်)ည (၁၁း၅၀)အချိန် မှာ ကိုရီးယားလေကြောင်းလိုင်းနဲ့ ရန်ကုန်ကနေ ထွက်ခွာမယ်လို့ သိရပါတယ်။ အမေရိကန် နိုင်ငံ Las Vegas ကိုတော့ နိုဝင်ဘာ(၁၀)ရက်နေ့ ညနေ(၁၅း၀၀)အချိန်မှာ ရောက်ရှိမယ်လို့လည်း သိရပါတယ်။

play

 

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဇွန်သံစဉ်အတွက် သူမရဲ့ ပရိသတ်တွေကလည်း အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ဖို့ အားပေးစကားသံတွေ ဆိုထားတာလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အဖြစ်သွားရောက်ယှဉ်ပြိုင်မယ့် အလှမယ် ဇွန်သံစဉ်ရဲ့ Nation Costume ကလည်း ပရိသတ်တွေ ကြား ရေပန်းစားနေတဲ့ ဝတ်စုံတစ်ခုဖြစ်ပါတယ်။

play

 

မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကို အခြေခံထားတာဖြစ်ပြီး သိန်းတစ်ရာကျော် အကုန်ကျခံ ချုပ်လုပ်ထားတဲ့ ဝတ်စုံပါ။

အလှမယ် ဇွန်သံစဉ် ဝတ်စုံမှာ ကုန်းဘောင်ခေတ် မင်းသမီးများရဲ့ ဝတ်စုံကို မှီငြမ်းပြီး ဆန်းသစ်တီထွင် ဖန်တီး ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။

play

 

မင်းသမီးဝတ်စုံရဲ့ အဆင်တန်ဆာများကိုလည်း မြန်မာ့လက်မှု ရွှေခြည် ထိုးနဲ့ ပြုလုပ်ပြီး ရွှေသားစစ်စစ်များ ထည့်သွင့း်အလှဆင်ထား တယ်လိုက သိရပါတယ်။ ဝတ်စုံကိုတော့ ဒီဇိုင်နာ ဒေါ်သဇင်ခင်က ချုပ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဇွန်သံစဉ် သွားရောက်ယှဉ်ပြိုင်မယ့် Miss Universe ပြိုင်ပွဲကြီးဟာဆိုရင်  အမေရိကန် နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့မှာ   နိုဝင်ဘာ(၂၆)ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။

Postby

 

Photo : Miss Universe Myanmar ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD