AD
AD
AD

"ဂါ" စီးရီးခွေထဲက ဒါလင်နဲ့မြင်းပွဲသွားမလို့ သီချင်းကို သရုပ်ဆောင်တွေများစွာနဲ့ ပုံဖော်ရိုက်ကူးနေတာ တွေ့ရပါတယ်။ "ဂါ" စီးရီးဟာ ဝိုင်းစုရဲ့ အောင်မြင်တဲ့ စီးရီးတစ်ခုလည်း ဖြစ်ပါတယ်။

အဲ့ဒီအခွေထဲက သီချင်းတွေကို MTV အဖြစ် ပုံဖော်နေရာက ဒီနေ့(အောက်တိုဘာ၂၇ရက်)ကတော့ ဒါလင်နဲ့မြင်းပွဲသွားမလို့ ဆိုတဲ့ သီချင်းကို ပုံဖော်ရိုက်ကူးနေတာ ဖြစ်ပါတယ်။

play

 

MTV ရိုက်ကွင်းပေါ်က ပုံရိပ်များကိုလည်း ပရိသတ်များအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်တွေကလည်း ဂါ စီးရီးကို MTV အဖြစ် မြင်ချင်နေကြပြီဆိုပြီး ပြောထားကြပါသေးတယ်။

ဝိုင်းစုခိုင်သိန်းကတော့ လက်တလော ခရီးတွေလည်း ဆက်တိုက်သွားဖြစ်နေသလို ဂါစီးရီးအတွက် MTV ရိုက်ကူးမှုတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။

play

 

ပြီးတဲ့ခဲ့ နှစ်ကုန်ပိုင်းလောက်က ထွက်ရှိခဲ့တဲ့ "ဂါ" တေးစီးရီး DVD ကိုလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲ မတိုင်မီမှာ ဖြန့်ချိသွားမယ် လို့လည်း သိရပါတယ်။အခွေအတွက်လည်း ပြင်ဆင်နေသလို တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်သလို အလုပ်တွေလည်း ရှုပ်နေပါတယ်။

play

 

ရန်ကုန်နဲ့ မန္တလေးတို့မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ သူမကတော့ ဒီဇင်ဘာလထဲမှာ ကျရောက်မယ့် မွေးနေ့မှာတော့ ဖျော်ဖြေပွဲ ထပ်လုပ်ဦးမှာ ဖြစ်ပါတယ်။

သူမရဲ့ မွေးနေ့ကတော့ ဒီဇင်ဘာ (၂၄)ရက်နေ့ ဖြစ်ပါတယ်။ဝိုင်းစုရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီးတော့လည်း ယခုလို ဖြေဆိုပေးထားပါတယ်။

Postby

 

Photo : ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD