AD
AD
AD
play
Photo : မနော FB

 

ဂီတလောကမှာ တမူထူးခြားတဲ့ အသံနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ အဆိုတော် မနောက သီချင်းအသစ်တွေ ဖန်တီးနေသလို MTV တော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒီနေ့မှာလည်း မနောက "အရိပ်" ဇာတ်ကားထဲမှာ မမဆုဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်အားပေးမှု ရရှိနေတဲ့ မေမြင့်မိုရ်နဲ့အတူ တွဲပြီး MTV တစ်ပုဒ် ရိုက်ကူးနေတာ တွေ့ရပါတယ်။

play
Photo : မနော FB

 

MTV ရိုက်ကူးမှုနဲ့ ပတ်သက်ပြီးတော့ မနောရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

"အမျိုးသမီး တေးဆို တစ်ဦးရဲ့သီချင်းသစ်လေးတစ်ပုဒ် သရုပ်ဆောင်ပေးထားတယ်ဗျာ တေးချစ်သူများ ထွက်လာရင် အားပေးပါဦး။  နောက်ရက်တွေမှာ ကျွန်တော့် သီချင်းလေးတွေလည်း ထပ်တင်ပေးမယ်ဗျို့ အားပေးဖို့တော့ ဟဲဟဲ   *မောင်မနော*" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၆) ရက်နေ့ မနက်ပိုင်းက ရေးသားထားတာပါ။

play
Photo : မနော FB

 

မေမြင့်မိုရ်နဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေကိုလည်း မနောရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။ ပုံလေးတွေ တင်ထားတဲ့ အချိန်ဟာ နာရီပိုင်း လောက်သာ ရှိပေမယ့်လည်း Like ရှစ်ထောင်ကျော် ရှိလို့သွားပါပြီ။ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်အတူတူ သရုပ်ဆောင်ထားတဲ့ MTV ကို ကြည့်ချင်လှပြီဆိုပြီး ကောမန့်တွေမှာ ပြောထားကြပါသေးတယ်။ ပရိသတ်တွေရဲ့ အားပေးချက်ကတော့  မနောအတွက် အားဆေးတစ်ခွက်ဖြစ်စေမှာ အမှန်ပါဘဲ။

play
Photo : မနော FB

 

မနောဟာ အခုဆိုရင် ဂီတပိုင်းသာမက ကြော်ငြာတွေ ရုပ်ရှင်ဇာတ်ကားတွေ တောင် ရိုက်ကူးလို့ နေရပါပြီ။ မနောရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားက သူနဲ့အတူပြေတီဦး၊ ခိုင်သင်ကြည်၊ သင်ဇာဝင့်ကျော်၊ ဖြူဖြူထွေးနဲ့ ခင်လှိုင်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အဲ့ဒီဇာတ်ကားကို "ကမောက်ကမသမီးယောက်မ"လို့ နာမည်ပေးထားပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူးထားတာပါ။

အဆိုတော် မနောဟာလည်း ၂၀၁၆ခုနှစ် သင်္ကြန်ကာလကနေစပြီးတော့ ပရိသတ်တွေ သတိထားမိလာတာဖြစ်ပြီး နယ်ပရိသတ်များပါက ရန်ကုန်ပရိသတ်များရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ မနောရဲ့ ဗိုလ်အောင်ဒင်သီချင်းကတော့ ကထိန်ကာလတစ်လျှောက်လုံးသာမက ယခုလက်ရှိအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှု ရရှိနေတဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD