AD
AD
AD
play

 

အဆိုတော် ဘီလီလမင်းအေးကတော့ အရှုံးမပေးတဲ့ ဝိညာဉ်ဆိုတဲ့ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးလေးအတွက်  MTV တွေ စရိုက် နေပြီလို့ ဆိုပါတယ်။ အားလုံး ရိုက်ပြီးသွားပြီ  အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ပရိသတ်တွေအတွက် အွန်လိုင်းပေါ်ကနေတဆင့် မိတ်ဆက်ပေး သွားမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' အခု လောလောဆယ်တော့ MTV ၂ ပုဒ် ရိုက်ထားတယ်၊ ရိုက်ပြီးသွားပြီး Ready ဖြစ်ပြီဆိုရင်တော့ လိုင်းပေါ်တင်ဖြစ်မှာပါ။ ပရိသတ်တွေ ကတော့ တိုင်းရင်းသူလေး ကျွန်မကိုတော့ တော်တော်လေး ကြိုက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ရှမ်းအိုးစည်၊ ဗုံ၊ မောင်း လို တီးလုံးလေးတွေပါတော့ လူငယ်တွေရော၊ လူကြီးတွေရော ကြိုက်ကြတယ် ဆိုပြီးတော့ ပြန်ကြားတယ်'' လို့ သူက ဆိုပါတယ်။

play

 

ပရိသတ်တွေအရမ်းကြိုက်တဲ့ တိုင်းရင်းသူလေး သီချင်းဟာ ဘီလီရဲ့ အကြောင်းအရာလေးတွေကို ရေးဖွဲ့ထားတာ ဖြစ်တဲ့အတွက် MTV မှာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုပုံဖော်ရမယ်ဆိုတာကို ခေါင်းစားနေရတယ်လို့လည်း ပြောပါတယ်။

'' အရမ်းခေါင်းစားနေတာကတော့ အဲ့ဒီတစ်ပုဒ်အတွက်ပဲ Story ပုံစံလေးရိုက်ရင်ကောင်းမလားလို့ ဒီသီချင်းကလည်း ဘာပဲပြောပြော ဖူး အရင်တုန်းကအကြောင်းအရာနဲ့အခု ဖြစ်နေတာကို ယှဉ်ပြီးရေးထားတဲ့ သီချင်းဆိုတော့Story ပုံစံရေးရင်ကောင်းမလား Documentary ပုံစံရိုက်ရင်ကောင်းမလား၊ တစ်ယောက်တည်းပဲ သီချင်းဆိုနေတဲ့ ပုံစံမျိုးရိုက်ရင်ကောင်းမလား ဘယ်လို လုပ်ရမလဲဆိုတာကို ဝေခွဲမရဘူး ဖြစ်နေတယ်'' ဇွန်လ ၈ ရက်နေ့က သာကေတမြို့နယ် ဘောလုံးအဖွဲ့ချုပ် တည်ထောင်ခြင်း၊ အထိမ်းအမှတ် ရန်ပုံငွေပွဲက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေခဲ့တာပါ။

play

 

အရှုံးမပေးတဲ့ ဝိညာဉ် ဆိုတဲ့တစ်ကိုယ်တော်အခွေထဲက သီချင်းတွေကိုလည်း စိတ်ကြိုက်ဖန်တီးထားတာဖြစ်တဲ့အတွက် ပရိသတ်အကြိုက် နဲ့ ထပ်တူကျမယ်ဆိုတာ ယုံကြည်တယ်လို့ ဘီလီလမင်းအေးက ပြောပါတယ်။

'' အခွေထဲက သီချင်းအားလုံးကိုလည်း ဖူးစိတ်ကြိုက် ဖန်တီးထားတာဖြစ်တဲ့အတွက် ဖူးကြိုက်တဲ့ သီချင်းတွေကို ပရိသတ်တွေကလည်း ကြိုက်မယ်။ သီးသန့်ကြီး တစ်ပုဒ်ချင်းစီကြိုက်တယ်ဆိုတာ မရှိပါဘူး။ ထူးထူးခြားခြားဆိုတာထက် ပြီးခဲ့တဲ့ တပတ်တုန်းက နင်ဟာ ဆိုတဲ့ သီချင်းလေးလိုင်းပေါ်တင်ခဲ့တယ်။ အဲ့ဒီ သီချင်းလေးကတော့ ဖူး ဆိုဖူးတဲ့ပုံစံတွေနဲ့ နည်းနည်းလေး ကွဲထွက်နေတယ်'' လို့ ဆိုပါတယ်။

play

 

ဘီလီလမင်းအေးရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ အရှုံးမပေးတဲ့ ဝိညာဉ်ဆိုတဲ့ Audio CD ကို မတ်လ ၃ ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီးမှာကတည်းက အားပေးလာခဲ့ကြတာပါ။ အခုဆိုရင်တော့ ဘီလီလမင်းအေးဟာ ပရိသတ်အခိုင်အမာရရှိထားပြီး အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေတဲ့ အဆိုတော် တစ်ဦးဖြစ်နေပါပြီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD