AD
AD
AD

Supermodels အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ခေမာကတော့ သူမရဲ့ "အဖွားကြီး" ဆိုတဲ့ သီချင်းခွေ DVD မထွက်ခင်ကို ပရိသတ်တွေ အကြို နားဆင်လို့ရအောင် ယခုလို အစီအစဉ်လေး လုပ်လိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီအခွေထဲက ရိုက်ပြီးသား Music Video ထဲက သီချင်းလေးပုဒ်နာမည်တွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးပေးထားပြီးတော့ အဲ့ဒီသီချင်းတွေထဲက ပရိသတ်တွေအများဆုံး တောင်းဆိုတဲ့ သီချင်းတစ်ပုဒ်ကို music Video အနေနဲ့ သူမရဲ့ အကောင့်မှာကော page မှာကော တင်ပေးမယ်ဆိုပြီးတော့ ပြောထားပါတယ်။

play

 

"ခေမာ့ရဲ့"အဖွားကြီး"အခွေDVDမထွက်ခင်လေး

ရိုက်ပြီးသားmusic videoထဲကသီချင်းတပုဒ်ကို

ခေမာ့အကောင့်ကရောpage ကရောတင်ပေးချင်လို့

အောက်မှာရိုက်ပြီးသားသီချင်းလေးတွေပြောပြထားမယ်

ကိုယ်ကြည့်ချင်တဲ့သီချင်းကိုအောက်မှာပြောခဲ့ပေး

အများဆုံးတောင်းဆိုတဲ့သီချင်းကိုတင်ပေးမယ်နော်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက တင်လိုက်တာ ဖြစ်ပါတယ်။

play

 

အဲ့ဒီသီချင်းလေးပုဒ်ကတော့ ရည်းစား၊ တနေ့ပြန်ဆုံရင်၊ Lucky Charm၊ ငါပြောတာကြာလား စတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကတော့ အဲ့ဒီသီချင်းတွေလေးပုဒ်စလုံးရဲ့ Music Video ကြည့်ချင်တယ်ဆိုပြီး ပြောထားပါသေးတယ်။

play

 

Supermodels အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ခေမာရဲ့ "အဖွားကြီး"ဆိုတဲ့ တေးသီချင်းခွေကိုတော့ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ(၉)ရက်နေ့က Audio အနေနဲ့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအခွေကတော့ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေလည်း ဖြစ်ပါတယ်။

Postby

 

Photo : ခေမာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD