ဘယ်လိုတွေတောင် ပေါက်လဲကွယ်။

အောင်ရဲလင်းနဲ့ ရိုက်ကူးထားတဲ့ ပိုပိုရဲ့ Music Video အသစ်က ကြည့်ရှုသူ ပရိသတ်တွေဦးရေ (၁)သန်းကျော်သွားခဲ့ ပါပြီ။ အမိုက်စား သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေကို  ဖမ်းစား နိုင် ခဲ့တဲ့ ပိုပိုရဲ့ music video ကို မကြည့်ရသေးတဲ့ ပရိသတ်တွေ အတွက် ဗီဒီယိုလေး ထည့်ပေးလိုက်တယ်နော်။

 

အောင်ရဲလင်းနဲ့ ရိုက်ကူးထားတဲ့ ပိုပိုရဲ့ Music Video အသစ်က ပရိသတ်တွေကြား တော်တော့်ကို ရေပန်းစားသွားခဲ့ပါတယ်။"Let Me Kiss You" လို့ နာမည်ပေးထားတဲ့ ပိုပိုရဲ့ Music Video ဟာ ပရိသတ်တွေ မထင်ထားတဲ့ ရိုက်ချက်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တာပါ။

ဇူလိုင်(၇) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ပရိသတ်တွေအတွက် သီချင်းသစ်ကို တင်ခဲ့ပေးတာဖြစ်ပြီး ဒီနေ့(ဇူလိုင်၁၀)ရက်နေ့မှာ သူမရဲ့ Music Video ကို ကြည့်ရှုသူ (၁)သန်းကျော်သွားခဲ့ပါပြီ။ပရိသတ်တွေရဲ့ အားပေးချက်ကြီးက ကြောက်ဖို့ ကောင်းလှပါတယ်။ အဲ့ဒီ music video ကို သရုပ်ဆောင် အောင်ရဲလင်းနဲ့ အတူ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို Upgrade လုပ်သွားမယ်ဆိုတဲ့ ပိုပို 

အချစ်သီချင်းလေး တစ်ပုဒ်ဖြစ်ပြီး အောင်ရဲလင်းနဲ့ ပိုပိုတို့ရဲ့ သရုပ်ဆောင်မှုဟာလည်း အရမ်းကို မိုက်လွန်းလှပါတယ်။  သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုတွေကိုလည်း ပရိသတ်တွေကကြည့်ပြီး အသည်းတွေ ယားနေကြ ပါတယ်။ အွန်လိုင်းမှာ တချို့သော သူများရဲ့ ဝေဖန်မှုတွေကို ရရှိခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးမှုက ဘယ်လိုတွေများလဲဆိုတာ ကြည့်ရှုသူနှုန်းကိုကြည့်ပြီး သိနိုင်မှာပါ။

 

ပိုပိုရဲ့ Music Video အသစ်ဟာ ပရိသတ်တွေကို တော်တော်ဆွဲနိုင်တယ်လို့ ဆိုရမှာပါ။ ပိုပိုရဲ့ Music video မှာ ဘယ်လိုရိုက်ကူးမှုတွေနဲ့ ပရိသတ်တွေကို ဘယ်လိုအံ့သြစေမလဲဆိုတာကို ကြည့်လို့ရအောင်သီချင်းလေးကို ထည့်ပေးထားတယ်နော်။

 

ပိုပိုဟာ  ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင် တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ် တွေကြား ရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

 

အဲ့ဒီသီချင်းဟာလည်း သူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  တစ်ကိုယ်တော် Audio CD ကိုလည်း အခုတစ်ခါ ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုပိုပါဝင်ထားတဲ့ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က