AD
AD
AD
play

 

Myanmar Idol Season -2 သီချင်းဆိုပြိုင်ပွဲအတွက် ရန်ကုန်မြို့တွင် အသံစစ်ဆေးမယ့် ရက်ကို ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ ယခင်က အသံစစ်ဆေးခြင်းကို ရန်ကုန်မြို့တွင် အောက်တိုဘာ(၁၅)ရက်နှင့် (၁၆)ရက်တို့တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ယခုအခါတွင် အောက်တိုဘာ (၁၆)ရက်နေ့နဲ့ (၁၇)ရက်နေ့သို့ ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

play

 

ရန်ကုန်မြို့တွင် အသံစစ်ဆေးမှုများကို တာမွေမြို့ရှိ  ရွှေထွဋ်တင်ကွင်းတွင်ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ Myanmar Idol  ရဲ့ အသံစစ်ဆေးမှုများမှာ ယခုလက်ရှိတွင် နေပြည်တော်တွင် ပြုလုပ်နေပြီ ဖြစ်ပြီး နေပြည်တော်တွင် ပြီးသွားပါက မန္တလေးမြို့၊ တောင်ကြီးမြို့၊ ဘားအံမြို့နဲ့ ရန်ကုန်မြို့တွင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Source : Yangon Media Group 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD