မစာမနာဝေဖန်နေကြတာတွေ အတွက် စိတ်မကောင်းဘူးတဲ့။

အွန်လိုင်းပေါ်ကနေ ဝေဖန်မှုများစွာခံနေရတဲ့ Myanmar Season 3 ပြိုင်ပွဲဝင်တွေအတွက် အိမ့်ချစ်ကတော့ အခုလို တုံ့ပြန် စကားပြောလိုက်ပါပြီ။ ပြိုင်ပွဲဝင်နေချိန်မှာတောင် မစာမနာဝေဖန်မှုတွေ ခံနေရတာကြောင့် စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

Photo: Eaint Chit Facebook

 

အဆိုတော် အိမ့်ချစ်တစ်ယောက် Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲဝင်နေကြတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ချင်းဆီအပေါ် ဝေဖန်တိုက် ခိုက်ပြောဆိုနေကြတဲ့အပေါ် အခုလို တုံ့ပြန်ပြောပြလိုက်ပါတယ်။ အဲ့ဒီနောက် ပြိုင်ပွဲဝင်တွေအတွက် အားပေးစကား ကိုလည်း အခုလို ပြောပြထားပါသေးတယ်။

'' MMID နဲ့ပတ်သက်ပြီးပြောနေ ရေးနေ တာတွေဖတ်ပြီးတော့ ပြောချင်တာလေးရှိလာတယ်။ အဲ့ဒါက ဂီတအလုပ်ကိုဝါသနာပါကြတဲ့ မောင်လေး၊ ညီမလေးတွေအတွက်ပါဂီတပညာရပ်တွေမှာပါတော်နေတတ်နေရုံနဲ့မရပဲဝေဖန်ခံနိုင်မှုစွမ်းရည် ဥပေက္ခာပြုနိုင်မှု စွမ်းရည် စိတ်ဓာတ်မကျ ပဲ လိုရာကိုလျှောက်လှမ်းနိုင်ဖို့စွမ်းရည်တွေ အပြည့်ရှိနေမှရမယ်လို့ မှာကြားပါရစေ'' လို့ ဆိုပါတယ်။

Photo: Eaint Chit Facebook

 

ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်းမှာရော ပြိုင်ပွဲနောက်ဆုံးအချိန်ရောက်တဲ့အထိ အပုတ်ချ ဝေဖန်ခံနေရတဲ့ Myanmar Idol Season 3 သီချင်းဆို ပြိုင်ပွဲဝင်တွေကို မစာမနာအပြောအဆိုခံနေရတဲ့အပေါ် စိတ်မကောင်းဘူးလို့ အိမ့်ချစ်က ဆက်လက်ရေးသားထားပါသေးတယ်။

'' Professional ဘဝတောင်မရောက်ရသေးဘူးအသေအကြေအပုတ်ချ ပြောဆိုခံနေရတာကိုပဲသနားလှပါပြီ။ ဝေဖန်တာကိုမဆိုလိုပါဘူး ဝေဖန်တာကကောင်းစေချင်လို့ ဒါပေမယ့်လက်ရှိမြင်နေရတာတွေကမစာမနာတွေ ပြောနေကြတာတွေပဲဖတ်နေရလို့စိတ်မကောင်းတာပါ ကိုယ်ချင်းစာမိလို့ပါ'' ဆိုပြီးတော့ သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာပါ။

Photo: Eaint Chit Facebook

 

အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

အိမ့်ချစ်ရဲ့ အိမ်သစ်တက်ပွဲကို ဦးဇင်းကေသာရ ကြွရောက် 

Photo: Eaint Chit Facebook

 

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ သူမဟာ မိဘ၊ဆရာသမားတွေသာမက ဘာသာရေးကို ကိုင်းရှိုင်းပြီး ကိုယ့်လုပ်တဲ့ အလုပ် တစ်ခုကို အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့ သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို ရရှိထားနိုင်တာ ဖြစ်ပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က