AD
AD
AD

မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကို အခြေခံထားတဲ့ Miss Universe Myanmar 2017 ဇွန်သံစဉ် ဝတ်စင်မယ့် National Costume ဝတ်စုံကို တရားဝင်ပြသလိုက်ပြီ ဖြစ်ပါတယ်။

ကုန်းဘောင်ခေတ်က ပေါ်ပေါက်ခဲ့ပြီးတော့ မီးရောင်များအောက်က စင်မြင့်ပေါ်မှာ ခန့်ညားထည်ဝါတဲ့ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းပုံစံဖြစ်ပါတယ်။ ဝတ်စုံကို မြင်လိုက်တာနဲ့ လုံးဝကို ခန့်ညားထည်ဝါမှု ရှိတာကိုလည်း တွေ့ရမှာပါ။

play

 

မြန်မာ့ရိုးရာတူရိယာဖြစ်တဲ့ မြန်မာ့ ဆိုင်းဝိုင်းကြီးကို ရှေ့တည့်တည့်ကနေ မြင်ရတဲ့ မြင်ကွင်းကို ပုံဖော်ပြုလုပ်ထားတာ ဖြစ်ပြီး ရှေ့တည့် တည့်မှ မြင်ရတဲ့ မြန်မာ့ဆိုင်းဝိုင်းကြီးမှ ပတ်ဝိုင်းကြီးပုံကို မယ်စကြာဝဠာမြန်မာအလှမယ် ဇွန်သံစဉ်က ပုဝါနဲ့ သိုင်းကာ လက်ဖြင့် ဆွဲယူသယ် ဆောင်လာမှာ ဖြစ်ပါတယ်။

ပြီးတော့မှ အနောက်ဘက်မှာ ခေါက်ယူလာတဲ့ ကြေးဝိုင်း၊ ပတ်မဝိုင်းနဲ့  ပဉ္စရူပတို့ကို ဖြန့်ချပြသမယ်ဆိုပြီးတော့ ရေးသားထားပါတယ်။

play

 

Miss Universe Myanmar ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဝတ်စုံနဲ့ ပတ်သက်ပြီး အသေးစိတ်ရေးသားထားတဲ့ စာလေးတွေကိုလည်း ပရိသတ်တွေအတွက် ဓာတ်ပုံနဲ့ တကွ ဖော်ပြပေးလိုက်တယ်နော်။

အလှမယ် ဇွန်သံစဉ် ဝတ်စုံမှာ ကုန်းဘောင်ခေတ် မင်းသမီးများရဲ့ ဝတ်စုံကို မှီငြမ်းပြီး ဆန်းသစ်တီထွင် ဖန်တီး ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ မင်းသမီးဝတ်စုံရဲ့ အဆင်တန်ဆာများကိုလည်း မြန်မာ့လက်မှု ရွှေခြည် ထိုးနဲ့ ပြုလုပ်ပြီး ရွှေသားစစ်စစ်များ ထည့်သွင့း်အလှဆင်ထား တယ်လိုက သိရပါတယ်။ ဝတ်စုံကိုတော့ ဒီဇိုင်နာ ဒေါ်သဇင်ခင်က ချုပ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

play

 

မြန်မာကိုယ်စားပြု အလှမယ် ဇွန်သံစဉ်ကတော့ အမေရိကန် နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့မှာ  နိုဝင်ဘာ (၂၆)ရက်နေ့တွင် ကျင်းပမယ့် Miss Universe  ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

အဲ့ဒီပြိုင်ပွဲအတွက် ဇွန်သံစဉ်ကတော့ နိုဝင်ဘာ(၈)ရက်နေ့မြန်မာနိုင်ငံကနေ ထွက်ခွာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Postby

 

Photo : Miss Universe Myanmar ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD