သြဂုတ်လ ၁၂ ရက်နေ့က ကပ်လှူခဲ့တာပါ။

သရုပ်ဆောင်နိုင်းနိုင်းနဲ့ ဇနီးဖြစ်သူ စန္ဒီချိုတို့မိသားစုဟာ သြဂုတ်လ ၁၂ ရက်နေ့က New York  မှာရှိတဲ့ သူတို့ရဲ့ အိမ်မှာ ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ခဲ့ပါတယ်။သူတို့ရဲ့ဒုတိယမြောက် သားလေးကတော့ သြဂုတ်လ ၁၃ ရက်နေ့မှာပဲ အသက် ၇ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။

Photo: Phoo phoo Facebook

 

သရုပ်ဆောင်နိုင်းနိုင်းနဲ့ ဇနီးဖြစ်သူ စန္ဒီချိုတို့မိသားစုဟာ သြဂုတ်လ ၁၂ ရက်နေ့က New York  မှာရှိတဲ့ သူတို့ရဲ့ အိမ်မှာ ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ခဲ့ပါတယ်။ နိုင်းနိုင်းတို့ မိသားစု အပြင် ချစ်ခင်ရင်းနှီးရတဲ့ မိတ်ဆွေများ၊ မောင်နှမများကလည်း တက်ရောက်ကုသိုလ်ယူခဲ့ကြတာကို တွေ့ရပါတယ်။

Photo: Phoo phoo Facebook

 

ဒီအကြောင်းအရာကိုတော့ သရုပ်ဆောင်နိုင်းနိုင်းရဲ့ ညီမဖြစ်သူ သရုပ်ဆောင်ဖူးဖူးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီက တင်ခဲ့တာဖြစ်ပါတယ်။ '' မိသားစုတွေဝါဆိုသင်္ကန်းကပ်လှုဖြစ်ပါတယ်'' ဆိုပြီးတော့ နိုင်းနိုင်းတို့ မိသားစုတွေရဲ့ အမှတ်တရ ဓာတ်ပုံ လေး တွေကိုလည်း တင်ခဲ့ပါသေးတယ်။

Photo: Sandi Cho Facebook

ဇနီးသည်အတွက် ဂုဏ်ယူမိတယ်ဆိုတဲ့ နိုင်းနိုင်း 

သရုပ်ဆောင်နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ချစ်စရာကောင်းတဲ့ သားသမီး ၄ ဦးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒီ ၄ ယောက်ထဲကမှ ဒုတိယမြောက် သားလေးကတော့ သြဂုတ်လ ၁၃ ရက်နေ့မှာပဲ အသက် ၇ နှစ်ပြည့်ခဲ့ပြီဆိုတာကို  စန္ဒီချိုရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ ၁၃ ရက်နေ့ မနက် ၆ နာရီ ကျော်ခန့်က တင်ခဲ့တာဖြစ်ပါတယ်။

'' Anderson had an awesome 7th birthday celebration with his cousins '' ဆိုပြီးတော့ သားလေးနဲ့ အတူ ကျောင်းက သူငယ်ချင်းတွေ စု ပေါင်းပြီး မွေးနေ့ ကိတ်လေးနဲ့ ဆုတောင်းနေတဲ့ အမှတ်တရ ဓာတ်ပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူကတော့ အခုလက်ရှိ New York မှာ ပထမတန်း ပညာသင်ကြားနေတာဖြစ်ပါတယ်။ သမီးကြီးက အခုဆိုရင် ၃ တန်းရောက်သွားပါပြီလို့ သိရပါတယ်။

Photo: Sandi Cho Facebook

 

၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှု တွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ ကြည်နူးဖို့ကောင်း ပါတယ်။ နိုင်းနိုင်း နဲ့ စန္ဒီချိုတို့မှာ သမီး ၃ ယောက်၊ သားတစ်ယောက် ရှိပါတယ်။

Share

Loading Next Article...
က္က