တောင်ကြီးမှာ ဖူးခွင့်ရခဲ့တာပါတဲ့။

ခရစ္စတီးနားခီတို့ မိသားစုလေးက တောင်ကြီးမြို့မှာ Oxford ဆရာတော်ဘုရားကြီးကို ဖူးမြှော်ခွင့်ရခဲ့ပါတယ်။ ဆရာတော် ဘုရားကြီးရဲ့ တရား တော်တွေကိုလည်း အားရကျေနပ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: ခရစ္စတီးနားခီ

 

ဇာဏ်ခီ နဲ့ ခရစ္စတီးနားခီ တို့ မိသားစုလေးဟာ တောင်ကြီးမြို့မှာရှိတဲ့ စေတီတော် အသစ် ထီးတင်ပွဲမှာ Oxford ဆရာတော်ဘုရားကြီးကို ဖူး မြှော်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ဆရာတော်ကြီး ဟောကြားခဲ့တဲ့ တရားတွေမှာလည်း သံဝေဂ ရခဲ့တဲ့ အကြောင်းတွေကို ခရစ္စတီးနားခီက အခုလို ပြောပြလာပါတယ်။

'' Oxford ဆရာတော်ဘုရားကြီး ဟောကြားပေးခဲ့ Negative အတွေးမှာမဝဲလည်ပဲ Positive အတွေးမှာသာနေထိုင်ကျင့်ကြံ့ဖို့ဟာ သိပ်ကို တန်ဖိုး ရှိခဲ့ပါတယ်။ မွေးနေ့ဆိုတာ ကိုယ့်အတွက် အချိန်သိပ်မကျန်တော့ကြောင်းသတိပေးတဲ့အရာမို့ အလုပ်ကို ဒီ့ထက်ပိုပြီး အားထည့် လုပ်သင့်ကြောင်း အချိန်မဖြုန်းသင့်ကြောင်း တရားဟာလည်း သတိတခု ချက်ခြင်းရခဲ့ပါတယ်'' လို့ ဆိုပါတယ်။

Photo: ခရစ္စတီးနားခီ

အောင်မြင်တဲ့ဝတ္ထုတွေကို ရုပ်ရှင်ဇာတ်ကားဖန်တီးမယ့် ခရစ္စတီးနားခီ  

ခရစ္စတီးနားခီ တို့ မိသားစုဟာ နိုဝင်ဘာလ ၁၃ ရက်နေ့က တောင်ကြီးမြို့ကို သွားခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ရန်ကုန်ကို ပြန်လည် ရောက်ရှိလာတာဖြစ်ပါတယ်။

''ဆရာတော်ဘုရားရဲ့ မေတ္တာကြီးမှု နဲ့ တွယ်တာမှု(attachment) ချက်ခြင်းခွာမှုကိုလည်း သင်ယူခွင့်ရခဲ့တဲ့အတွက် ဝမ်းသာကျေနပ်မှု များနဲ့ ခရီးစဉ်ကနေပြန်လာခဲ့ပါပြီ။ ထာဝရနှောင်ကြိုး အတွက်ရင်ခုန်စိတ်လှုပ်ရှားနေပါပြီနော်'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက် ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: ခရစ္စတီးနားခီ

 

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီ တို့ရဲ့ မိသားစုဘဝလေးကိုတော့ ပရိသတ်တိုင်းက လေးစားအားကျလျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။

Photo: ခရစ္စတီးနားခီ

 

ခရစ္စတီးနားခီဟာ အခုဆိုရင် အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်လျှက်ရှိပါတယ်။ ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ သူရိုက်ကူးပြီးခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အခိုင်အမာ ရရှိခဲ့ပြန် ပါတယ်။

Share

Loading Next Article...
က္က