AD
AD
AD
play

 

တစ်ချိန်က မပြေလည်တဲ့ ကြားထဲက ကြိုးစားပြီး တည်ထောင်ခဲ့ရတဲ့ အစားအသောက် page လေးအကြောင်း ခရစ္စတီးနားခီက သူရဲ့ ဖေ့စ်ဘွတ်မှာ ရင်ဖွင့်လိုက်တာပါ။ အစားအသောက်ပေ့ခ်ျလေးကို စလုပ်ချိန်မှာ ကြော်ငြာခလည်း မတတ်နိုင်ခဲ့ Logo အတွက်လည်း ပိုက်ဆံ မတတ်နိုင်ခဲ့လို့ သားဖြစ်သူ နိုဝါရဲ့ ပုံလေးနဲ့ Page ကို စတင်ခဲ့ရတာပါတဲ့။

''ဒီ အစားအသောက် Page လေး လုပ်ဖို့စဉ်းစားတုန်းက တော်တော်ဒုက္ခရောက်နေတဲ့ အချိန်ပေါ့။  ပြန်ရင်ပြန် မပြန်နိုင်ရင် ထမင်းစားဖို့ ခက်ခဲလာတဲ့အချိန်၊ မိဘ မောင်နှမတွေလည်း ပန်းလာကြပြီ။ အဲ့အချိန်မှာ စိတ်လျှော့ပြီး ၉နှစ်တိတိ တင်းခဲ့တဲ့စိတ်ကို လျှော့ပေးဖို့ ကျတော့ လည်း မလုပ်နိုင်ပြန်၊ နောက်ဆုံးမှာတော့ ဒီအစားအသောက်အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ရတယ်။ ကြော်ငြာခ မတတ်နိုင် logo ခ မတတ်နိုင်လို့ သားပုံလေးနဲ့ တတ်သလောက်လုပ်ဖြစ်ခဲ့တယ်။ '' လို့ ဆိုပါတယ်။

play

 

အဲ့ဒီ အချိန်တုန်းက ဈေးအရင်းလုပ်ဖို့ ပိုက်ဆံမရှိခဲ့တာကြောင့် ခင်ပွန်းဖြစ်သူ ဇဏ်ခီပေးထားတဲ့ Anniversary လက်ဆောင်၊ မွေးနေ့လက်ဆောင်၊ စေ့စပ်လက်စွပ်တွေကို ရောင်းချခဲ့ရတယ်ဆိုပြီး ဆက်ပြောထားပါသေးတယ်။
"မနက်ကျောင်းပို့ပြီးရင် သံဈေးမှာ ဈေးသွားဝယ်ရတယ်။ လတ်လတ်ဆတ်ဆတ်စားစေချင်လို့ ခင်ပွန်းသည်က ချက်ရတယ်။ ပိတ်ရက်မရှိ အဲ့တုန်းက မိတ်ဆွေ အနုပညာသမားတယောက်ကိုမှ အတင်းလက်ဆောင်ပေး အကူညီတောင်းတွေမလုပ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရပ်တည်မှုကိုလေးစားလို့ပါ။ အဲ့တုန်းက ဘယ်လောက်ခက်ခဲခဲ့လဲဆိုရင် ဈေးဖိုးအရင်းတောင်မရှိလို့ လက်ဝတ်လက်စား(ကိုဇဏ်ရဲ့ Anniversary လက်ဆောင်, မွေးနေ့လက်ဆောင်, engagement ring တွေကိုရရာဈေးနဲ့ ရောင်းခဲ့ရပါတယ်)'' ''လို့ ခရစ္စတီးနားခီက အခုလို ရေးသားခဲ့ပါသေးတယ်။

play

အခုချိန်မှ ပြောပြလာတဲ့ ဒီအကြောင်းအရာတွေဟာ ၉ နှစ်ကျော်မပြောင်းလဲဘဲ ရပ်တည်လာတဲ့ အရာတွေက အခုလက်ရှိအောင်မြင်မှု၊ ကျော်ကြားမှုတွေကို ခံယူနိုင်ဖို့အတွက် ပျော်ရွှင်နေမှာလည်းမဟုတ်သလို ပြောင်းလဲသွားဖို့လည်း မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

''ဒါတွေကို ဘာကြောင့်အခုပြောပြနေလည်းဆိုရင်ရပ်တည်မှုတခု၊ လုပ်ငန်းတခု၊ brandတခုပေါက်ဖို့ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် ဒီလိုပဲ သူတပါးကို ခုတုံးမလုပ်ပဲ ကြံ့ကြံ့ခိုင်ကြိုးစားကြရပါတယ်။ မအောင်မမြင်ခြင်း ဒုက္ခကိုခါးစည်းခံကြ ရပါတယ်။ ဒီလိုပဲ ငွေမြင်ရင် ဘာမဆို မလုပ်နိုင်သူကို ငွေနဲ့ပေါက်လည်း ရပ်တည်မှုဟာပြောင်းမသွားနိုင်သလို အလကားလည်းမရနိုင်ပါဘူး။ ကျော်ကြားမှု ဟာ အောင်မြင်မှု လို့လည်း ခံယူပျော်ရွှင်နေမှာမဟုတ်တဲ့သူမို့ ၉ နှစ်ကျော်မပြောင်းလည်းပဲရပ်တည်ခဲ့တဲ့ အရာတွေဟာ အခုချိန်မှာ ပြောင်းလဲသွား ဖို့လည်းမဖြစ်နိုင်တော့ပါ'' လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါသေးတယ်။

play

 

ခရစ္စတီးနားခီဟာ အခုဆိုရင် အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်လျှက်ရှိပါတယ်။ ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ သူတို့ ဇနီးမောင်နှံအပြင် သားလေးဖြစ်တဲ့ နိုဝါ ကိုပါ ပရိသတ်တွေက အချစ်တွေ ပိုခဲ့ကြပါတယ်။ သူတို့မိသားစုလေးကတော့ ပရိသတ်တိုင်း အားကျစရာကောင်းတဲ့ မိသားစုဘဝလေးတစ်ခုဖြစ်ပါတယ်။

ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကတော့ အရမ်းကိုအောင်မြင်လျှက်ရှိသလို အတိုက်အခိုက်တွေ ကြား ထဲကမှ ပရိသတ်အားပေးမှုအများကြီးရရှိလာတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇာဏ်ခီ၊ အောင်မြင့်မြတ် ၊မင်းဦး၊ ဘညို၊ ကျော်ကိုကိုဝေ၊ အကယ်ဒမီသက်မွန်မြင့်၊ Kaew Korravee ၊ ခြူးစစ်ဟန် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ခေါ်သံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာလည်း ဇဏ်ခီ၊ လှယဉ်ကျေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

Photo: ခရစ္စတီးနားခီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD