Like နဲ့ Share မလုပ်ဖို့ ပြောထားပါသေးတယ်။

စိုင်းစိုင်းက ပရိသတ်တွေကို မေတ္တာရပ်ခံထားတာ ရှိပါတယ်။ အဲ့ဒါက လက်ရှိမှာ စိုင်းစိုင်းနာမည်နဲ့ ပုံတွေကို အသုံးပြုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်အတုတွေ ရှိလာတာကြောင့် သူ့ရဲ့ ပရိသတ်တွေကို Blue Mark ရှိတဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်အစစ်ကိုသာ  Like နဲ့ Share လုပ်ဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

Photo : စိုင်းစိုင်း FB

 

ပရိသတ်တွေရဲ့ အချစ်တော် စိုင်းစိုင်းခမ်းလှိုင်က Page အတုတွေကို အားမပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ ဖေ့စ်ဘွတ်ရဲ့ တရားဝင် အသိအမှတ်ပြု Blue Mark လေး ပါဝင်ထားတဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ် အစစ်ကိုသာ Like နဲ့ Share လုပ်ဖို့အတွက်ကိုလည်း ပြောထားတာ တွေ့ရပါတယ်။

"ချစ်သော ပရိသတ်များနဲ့ မိတ်ဆွေများခင်ဗျား ကျွန်တော့် Page အစစ်မှာ ပုံမှာပြထားတဲ့အတိုင်း Facebook ရဲ့တရားဝင်အသိအမှတ်ပြု အပြာခြစ် အမှတ်အသားပါဝင်ပါတယ်။ Follower အရေအတွက်လည်း ၈ သန်းကျော်ရှိပါတယ်။ဒီ Page ကလွဲလို့ တခြား အယောင်ဆောင် Page အတုတွေကို Like မလုပ်ဖို့ Share မလုပ်ဖို့ အားမပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံပါတယ်။မိတ်ဆွေများအချင်းချင်းလည်း လက်တို့ပေးဖို့ အကူအညီတောင်းပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ" ဆိုပြီး ဇူလိုင်(၂၅) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့် မှာ  ရေးသားထားတာ တွေ့ရပါတယ်။

Photo : စိုင်းစိုင်း FB

 

စိုင်းစိုင်းရဲ့ နာမည်နဲ့ ပုံကို အသုံးပြုထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေ ပေါ်လာတာကြောင့် စိုင်းစိုင်းအနေနဲ့ သူ့ရဲ့ ပရိသတ်တွေကို မေတ္တာရပ်ခံ ထား တာဖြစ်ပါတယ်။ တချို့ပရိသတ်တွေကလည်း စိုင်းစိုင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်အစစ်ကိုသာ Like နဲ့ Share လုပ်ကြသလို တချို့ပရိသတ် တွေကလည်း Page အတုက ရေးတဲ့ စာသားလေးတွေကို ကြိုက်လို့ Share ဖြစ်ကြောင်း စိုင်းရဲ့ ကောမန့်တွေမှာ ပြောထားကြပါတယ်။

စိုင်းစိုင်းကလည်း ပရိသတ်တွေရဲ့ ကောမန့်တွေကို ပြန်ပြီး Reply ပြန်ထားသလို page အတုကို Share တာဟာ သူ့ကို ထိခိုက်စေတာကြောင့် သူ့ရဲ့ပရိသတ်တွေ သူ့ကို မနစ်နာစေချင်ရင် မ share တာအကောင်းဆုံးပါပဲ ဆိုပြီး ကောမန့်မှာ ပြန်ပြောထားပါတယ်။

Photo : စိုင်းစိုင်း FB

Follower ၈သန်း ပြည့်သွားပြီဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် 

မြန်မာနိုင်ငံ ဂီတလောကရဲ့ ထိပ်ဆုံးမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ရဲ့ တရားဝင် Facebook Page ကတော့ ဇွန်လ ၁၆ ရက်နေ့ ညမှာပဲ Follower ၈ သန်းပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ စိုင်းစိုင်းဟာ လတ်တလောမှာ သီချင်းသစ်တွေ ဖန်တီး လျက်ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က "သနားသောအားဖြင့်"ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ပရိသတ်တွေအတွက် ဖြန့်ပေး ခဲ့ပါသေးတယ်။ အဲ့ဒီသီချင်းလေး က အသည်းကွဲ သီချင်းပုံစံမျိုးလေးပါ။

Photo : စိုင်းစိုင်း FB

 

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း သီဆိုထားသူ တစ်ဦး လည်း ဖြစ်ပါတယ်။

Photo : စိုင်းစိုင်း FB

 

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က