မင်းသွေးဖြစ်စေချင်တဲ့အတိုင်း ဆောင်ရွက်ပေးမယ်တဲ့။

နိုဝင်ဘာ(၁၄) ရက်နေ့ကစပြီး "သတ်ကွင်း" ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ပြန်လည်အသက်သွင်းတော့မယ်လို့ သိရပါတယ်။

Photo : သတ်ကွင်း FB

 

ဒါရိုက်တာ သားညီကိုယ်တိုင် ရိုက်ကူးပြီး သရုပ်ဆောင် မင်းသွေးတစ်ယောက် မျှော်လင့်တောင့်တခဲ့ရတဲ့ "သတ်ကွင်း" ရုပ်ရှင်ဇာတ ်ကားကြီးဟာ ဒီဇင်ဘာ(၁၄) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မကြာခင် ရက်ပိုင်းမှာလည်း "သတ်ကွင်း" ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်ကို ပြန်လည်အသက်သွင်းမှာ ဖြစ်တယ်လို့ သားညီက ဆိုပါတယ်။

Photo : သတ်ကွင်း FB

 

မင်းသွေးကို သတိရမိချိန်တိုင်း မငိုမိအောင် ကြိုးစားခဲ့ရတဲ့ သားညီဟာ သတ်ကွင်း ရုပ်ရှင်ဇာတ်ကား Press Show ပြသတဲ့ နေ့မှာတော့ မင်းသွေးအတွက် စုပြီး ငိုမယ်လို့ Duwun Media သို့ ပြောပြခဲ့ပါသေးတယ်။

"မင်းသွေးကို သတိရမိတဲ့အချိန်တွေမှာ မျက်ရည်မကျအောင်ထိန်းတယ်။ ကျွန်တော်မငိုသေးဘူး။ သတ်ကွင်း Press Show ပြတဲ့နေ့ ကျမှ ကျွန်တော်ငိုမယ်။ အဲ့နေ့ကျရင်တော့ စုပြီးငိုမယ်။ သတ်ကွင်းက ဒီဇင်ဘာ(၁၄) ရက်နေ့မှာ ရုံတင်မယ်။နိုဝင်ဘာ(၂၃) ရက်နေ့ က စပြီး သတ်ကွင်းရဲ့ ပေ့ချ်ကို ပြန်ပြီး အသက်သွင်းပါမယ်။ ကျွန်တော်သတ်ကွင်းကို ဘယ်လိုဖြတ်ခဲ့ကြလဲဆိုတဲ့ အမှတ်တရတွေ ကျွန်တော် တင်ပေးပ့ါမယ်။ သူက (၇) ဂဏန်းကြိုက်တော့ ဒီဇင်ဘာ(၇) ရက်နေ့မှာ သတ်ကွင်း Press show လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ အဓိက ဒီကားက သူပထမဆုံးနဲ့ နောက်ဆုံးရိုက်သွားတဲ့ ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားတာ ပထမဆုံး နဲ့ နောက်ဆုံးကားပါပဲ" လို့ နိုဝင်ဘာ(၁၁) ရက်နေ့က "အကြင်နာမြစ်ဖျား" ဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာပါ။

Photo : သတ်ကွင်း FB

သတ်ကွင်း ရုပ်ရှင်ကားကြီးရုံတင်ခွင့်ရပြီလို့ ပြောလာတဲ့ သားညီ 

မင်းသွေးအားစိုက် ကြိုးစားခဲ့ရတဲ့ "သတ်ကွင်း" ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တဲ့ အချိန်ကျရင်လည်း ပရိသတ်တွေအားပေးဖို့အတွက် သားညီက တောင်း ဆိုထားပါသေးတယ်။ ဆက်လက်ပြီးတော့ သားညီဟာ မင်းသွေး ပါဝင်ထားတဲ့ "မုန်းစွဲ"ဇာတ်ကား ကြည့်ပြီး နောက် သူငယ်ချင်းဖြစ်သူ မင်းသွေးနဲ့ နေတိုးရဲ့ ကာရိုက်တာလေးတွေကိုလည်း ယခုလို သုံးသပ်ခဲ့ပါသေးတယ်။

"မုန်းစွဲ ဇာတ်ကားကြည့်ပြီး သူငယ်ချင်းတစ်ယောက်အနေနဲ့ ဆိုရင်တော့ မိုက်တယ်။ သူ့ကို မြင်နေကျ မဟုတ်တဲ့ ပုံစံကို မြင်ရတယ်။ ဒါရိုုက်တာ တစ်ယောက်အနေနဲ့ဆိုရင်တော့ သူအိုက်တင်လေးတွေက နည်းနည်းလေး လုပ်ယူထားတယ်လို့ ကျွန်တော်ထင်တယ်။ သူ့ရဲ့ အပြင်ကာရိုက်တာက အဲ့လိုမဟုတ်ဘူး။ လုပ်ယူထားတယ်ဆိုတာ သိသာတယ်။ ကိုနေတိုးကတော့  လုံးဝ ကွက်တိပဲ။ ကိုနေတိုး ကို ကျွန်တော်လူဆိုးဘက် အခြမ်းတွေ ပိုကြိုက်တယ်။ ဦးဇင်းဖြစ်သွားတဲ့ အခန်းတွေမှာဆိုရင် ကိုနေတိုး ထူးထူးခြားခြား လုပ်ထား တာ မရှိဘူး။ လူဆိုးအခန်းတွေ ဆို မျက်လုံးတွေ လုပ်ထားတာ အရမ်းကြို့်တယ်။ "လို့ သားညီက ဆိုပါတယ်။

 

သားညီဟာ လက်ရှိမှာ "အကြင်နာမြစ်ဖျား" ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေလျက်ရှိပါတယ်။ ဒီဇာတ်လမ်းတွဲကို Lar Lar Kyi App ကနေ ထုတ်လွှင့်ပြသမှာ ဖြစ်ပြီး မိုးယံဇွန်၊ ထူးအောင်၊ Wai လျှံ ၊ ဝေဖြိုး၊ ခင်ဝင့်ဝါ၊ ထက်ထက်ထွန်း၊ ချစ်စနိုးဆု နဲ့ မေကဗျာဦးတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒါရိုက်တာသားညီဟာ သရုပ်ဆောင်ဒွေး(ခ) ကိုသားကြီးရဲ့ ချစ်လှစွာသော ညီအရင်းတစ်ယောက်ဖြစ်ပါတယ်။ အရင်က သရုပ် ဆောင် အလုပ် တွေ ကိုလည်း အစ်ကိုဖြစ်သူနဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့ပါသေးတယ်။ ဒွေးသေဆုံးသွားပြီးတဲ့နောက် သားညီက လည်း အနုပညာလောကနဲ့ အနည်းငယ် ဝေးကွာသွားခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က