AD
AD
AD
play

 

စန္ဒီမြင့်လွင်က သူမရဲ့ Queen MTV ကို ၂၀၁၇ခုနှစ် နှစ်ဦးပိုင်းလောက်တွင် ထွက်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ သူမရဲ့ Queen MTV ထွက်ရှိခြင်း အမှတ်တရ အနေနဲ့ Queen Logo ပါ ခေါင်းစွတ်အင်္ကျီများနဲ့ တီရှပ်များကို ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပြီး ရောင်းလို့ ရတဲ့ အမြတ်ငွေများကိုလည်း ပရဟိတအလှူလုပ်သွားဖို့ ရှိတယ်လို့ သူမက ဆိုပါတယ်။

play

ယခုလို အင်္ကျီထုတ်လုပ်ရောင်းချတာဟာလည်း သူငယ်ချင်းတွေနဲ့ ပရိသတ်တွေအကုန်လုံးအတွက် အမှတ်တရ တစ်ခုအနေနဲ့ ရောင်းပေးတာဖြစ်ပြီး ရလာတဲ့ အမြတ်ငွေတွေကို လှူဒါန်းမှာ ဖြစ်တဲ့အတွက် သူငယ်ချင်းတွေ၊ ပရိသတ်တွေနဲ့အတူ အလှူတစ်ခု လုပ်ချင်တာကြောင့် ယခုလို စီစဉ်ဖြစ်သွားတာလို့ သိရပါတယ်။

play

 

စီးပွားရေးအရ ရောင်းတာမျိုး မဟုတ်ဘဲ ရလာတဲ့ အမြတ်ငွေများကို ကလေးသူငယ်များအတွက် ပဲ ဖြစ်ဖြစ်၊ HIV/ AIDS ဖြစ်နေတဲ့ ကလေးတွေ အတွက်ပဲ ဖြစ်ဖြစ် အခြားသော ပရဟိတကျောင်းတွေမှာပဲဖြစ်ဖြစ် အလှူတစ်ခု လုပ်သွား မှာပါလို့  သူမက ဆိုပါတယ်။

Source : Popular News

Photo  : စန္ဒီမြင့်လွင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD