AD
AD
AD

အခုဆို အဆိုတော် R ဇာနည် နဲ့ ဝမ်းတို့မှာ ဒုတိယရင်သွေးရတနာလေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ ကိုယ်ဝန်(၆)လခန့် ရှိနေပြီ ဖြစ်ပေမယ့် ဝမ်းကတော့ ပိုပိုပြီး လှလာတာကိုလည်း တွေ့ရပါတယ်။

အဆိုတော် Rဇာနည်နဲ့ ဝမ်းတို့ရဲ့ ပွဲတက်ပုံလေးတွေကိုလည်း ပရိသတ်များအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

play

 

အဆိုတော် Rဇာနည် ကတော့ သားနှစ်ယောက်အဖေ ဖြစ်တော့မှာပါ။

သားဖြစ်သူ ဖစ်ဖစ်တုန်က အငယ်တစ်ယောက် လိုချင်တာကြောင့် ကလေးယူဖြစ်သွားတာ ဖြစ်တယ်လို့လည်း ဇနီးဖြစ်သူ ဝမ်းက ဆိုပါတယ်။

play

ဒုတိယရင်သွေးလေးကိုတော့ ဘယ်ဆေးရုံမှာ မွေးမယ်ဆိုတာ စီစဉ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အချင်းကိုတော့ ။ Bangkok Stem Cell နဲ့ သိမ်းဖြစ်မယ်လို့ သိရပါတယ်။

Rဇာနည်နဲ့ ဝမ်းတို့ရဲ့ သားဖြစ်သူကတော့ အသက်(၈)နှစ်အရွယ်ရှိနေပြီး ဒုတိယတန်း တက်ရောက်နေတယ်လို့ သိရပါတယ်။ Rဇာနည်နဲ့ ဝမ်းတို့ရဲ့ အိမ်ထောင်သက်ကတော့ (၁၃)နှစ်ရှိပြီလို့ သိရပါတယ်။

play

 

Rဇာနည် ကတော့ လက်တလောမှာ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်တာကြောင့် ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုဖို့ အစီအစဉ်ရှိနေပြီး "ကမ္ဘာသား" MTV ရောင်းရငွေများကိုလည်း ထပ်မံလှူဒါန်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

 

Photo :  Aye Zaw Moe setthmu

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD