နောက်ထပ် ရင်သွေးလေး ရနေပြီလား။

သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ Rဇာနည် က မကြာခင်မှာ သူ့တို့ရဲ့ မိသားစု ဘဝထဲကို မိသားစုဝင်တစ်ယောက် ရောက်ရှိလာတော့ မယ်ဆိုပြီး ပရိသတ်တွေကို ပြောပြထားတာတွေ့ရပါတယ်။

Photo : အာဇာနည် FB

 

သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ Rဇာနည် က မကြာခင်မှာ သူ့တို့ရဲ့ မိသားစု ဘဝထဲကို မိသားစုဝင်တစ်ယောက် ရောက်ရှိလာတော့ မယ်ဆိုပြီး ပရိသတ်တွေကို ပြောပြထားတာတွေ့ရပါတယ်။အဲ့ဒီအကြောင်းလေးကို အောက်တိုဘာ(၁၅) ရက်နေ့က Rဇာနည်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

"ပရိသတ်ကြီးကို ကျွန်တော်တို့ကြေညာစရာတစ်ခုရှိပါတယ်။ ကျွန်တော်တို့မိသားစုထဲကို မိသားစုဝင် သစ်တစ်ယောက် မကြာခင် ရောက်ရှိ လာပါတော့မယ်။ အောက်တို ဘာ ၂၂ ထိမစောင့်နိုင်တော့ရင် ဘာများဖြစ်မလဲ ပြောပြကြည့်ပါဦး။]" ဆိုပြီး ပြောထားတာပါ။

Photo : အာဇာနည် FB

 

ပရိသတ်တွေ သူငယ်ချင်းတွေကလည်း R ဇာနည် ကြေညာထားတဲ့ သတင်းလေးနဲ့ ပတ်သက်ပြီး ဂုဏ်ပြုထားကြတာ တွေ့ရပါတယ်။ စိုင်းစိုင်း ကလည်း R ဇာနည် ပြောထားတာနဲ့ ပတ်သက်ပြီး "မိုက်လိုက်တာ" ဆိုပြီး  အားကျတဲ့ကောမန့်လေးတစ်ခုကို မန့်ထားတာတွေ့ရပါတယ်။

သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ R ဇာနည်နဲ့ ဝမ်းတို့ရဲ့ မိသားစုလေးဟာ ပျော်ဖို့ကောင်းလှပါတယ်။

Photo : အာဇာနည် FB

၉ လပြည့်သွားပြီဆိုတဲ့ အာဇာနည်နဲ့ ဝမ်း တို့သားလေး ချစ်ချစ်တုန်  

အာဇာနည်နဲ့ ဝမ်းတို့ရဲ့ ဒုတိယမြောက်သားငယ်လေးဖြစ်တဲ့ ချစ်ချစ်တုန် ကတော့ အောက်တိုဘာလ ၁၀ ရက်နေ့က ၉ လပြည့်ခဲ့တာပါ။ အာဇာနည်ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သားနှစ်ယောက် ပိုင်ဆိုင်ခွင့်ရထားတဲ့ အာဇာနည်နဲ့ ဝမ်းတို့ကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သားကြီး ဖစ်ဖစ်တုန် ကလည်း ညီငယ် လေး ချစ်ချစ်တုန်ကို အရမ်းချစ်တယ်လို့ သိရပါတယ်။

Photo : အာဇာနည် FB

 

အဆိုတော် အာဇာနည်ဟာ ချစ်သူ ဝမ်းနဲ့ လက်တွဲခဲ့ပြီး အခုဆိုရင် အိမ်ထောင်သက် ၁၃ နှစ်တောင် ရှိနေပါပြီ။ အခုဆိုရင် သား ၂ ယောက် တောင် ထွန်းကားနေပြီဖြစ်ပြီး သားကြီး ဖစ်ဖစ်တုန် (ခ) ဉာဏ်ဘုန်းဇာနည်က အသက် ၈ နှစ်ရှိပြီဖြစ်ပြီး ဒုတိယတန်း တက်ရောက်နေပြီလို့ သိရပါတယ်။

Share

Loading Next Article...
က္က