AD
AD
AD

သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ ဇနီးမောင်နှံရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ သုဒ္ဒါရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးရိုက်ကူး ထားတဲ့ Reflection ရုပ်ရှင်ဇာတ်ကားကြီးကတော့ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့မှာစပြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဖက်ရှင်နဲ့အပြိုင် အက်ရှင်အလန်းစားတွေ ပါဝင်တဲ့ Reflection ဇာတ်ကားကတော့ မကြာခင် ပရိသတ်တွေ ရှေ့မှောက်သို့ ရောက်ရှိလာတော့မှာပါ။

play

 

ပရိသတ်တွေ စောင့်မျှော်နေတဲ့ ယင်းဇာတ်ကားနဲ့ ပတ်သက်ပြီး ထုတ်လုပ်သူ အိန္ဒြာကျော်ဇင်က ယခုလို ပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားမှာ အစ်မက ဖက်ရှင်ကိုဦးစားပေးထားတယ်၊ ဒါပေမယ့် ကာရိုက်တာနဲ့ လိုက်ချင်မှလိုက်မယ်၊ ဘယ်လိုတွေဝတ်ထားတာလဲ ဆိုတာလည်းပြောချင်ပြောလာနိုင်တယ်။ ဒါပေမယ့် အဲ့ဒါကို အစကတည်းက ကြိုပြီးတောင်းပန်ထားတာ  လုံးဝကို ဘလိုင်းကြီး ဖက်ရှင်ကို ဦးစားပေးထားတဲ့သဘောမျိုးဖြစ်နေတာပေါ့နော် အဲ့ဒါလေးပြောချင်ပါတယ်။ ဖက်ရှင်ကတော့ အရမ်းကြီးတော့ နောက်မကျဘူး အဲ့ဒါကိုလည်း မရိုက်ခင်ကတည်းက ကြိုပြီးတော့ တွက်ထားတယ်၊ အခုချိန်မှာ Update ဖြစ်မယ့်ဟာမျိုးကို ရှောင်ထားတယ်'' လို့  Duwun Media သို့ပြောပြခဲ့တာပါ။

play

 

Reflection ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ သုဒ္ဒါရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်အကယ်ဒမီလူမင်းက ဒါရိုက်တာအဖြစ်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီထွန်းအိန္ဒြာဗို ၊ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ဝတ်မှုံရွှေရည် နဲ့ ပက်ထရစ်ရှာတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Photo : Reflection FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD