သရုပ်ဆောင် ပိုးအိအိခန့်က သူမနာမည်နဲ့ သုံးနေတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကြောင့် စိတ်ညစ်လို့နေပါတယ်။ သူမအကောင့်မဟုတ်တဲ့ အကောင့်အတုကိုလည်း Report ထုပေးဖို့ သူမရဲ့ ပရိသတ်တွေကို တောင်းဆိုထားတာ တွေ့ရပါတယ်။

"အောက်မှာပြထားတဲ့ second official account ဆိုတာ ပိုးအိ လုံးဝ မသုံးပါဘူးရှင် ပိုးအိလိုမျိုးပုံစံနဲ့ ဘာရည်ရွယ်ချက်နဲ့ သုံးနေမှန်းလည်း မသိပါဘူး။ ပိုးအိက အခုလက်ရှိ တစ်ကောင့်ထဲသာ သုံးပါတယ်ရှင်။ Fake Account တွေကိုလည်း တောင်းပန်ပါတယ်။ အားပေးတယ် ဆိုလည်း ပရိသတ်အနေနဲ့ပဲ တင်စေချင်ပါတယ်။ အားမပေးဘူးဆိုလည်း ဘာရည်ရွယ်ချက်နဲ့မှ ပိုးအိလို ပုံစံမျိုးတွေ ပြောဆို ပြုမူပြီး ပရိသတ်ကို မလိမ်ပါနဲ့ရှင် တောင်းဆိုတာပါ .။ စိတ်တွေလည်း ညစ်လာပါပြီ။ Report လုပ်တတ်သူများ လုပ်ပေးကြပါနော်" ဆိုပြီး  သူမရဲ့ ပရိသတ်တွေကို တောင်းဆိုထားတာ တွေ့ရပါတယ်။

ချစ်သူသက်တမ်း ရက်(၁၀၀) ပြည့်သွားပြီဆိုတဲ့ အောင်သူနဲ့ ပိုးအိအိခန့် 

Fake အကောင့်ဟာ ပိုးအိအိခန့် တင်သမျှ ပုံစံအတိုင်း လိုက်တင်နေတာဖြစ်ပြီး  အကောင့်အစစ် သဘောလိုမျိုး အသုံးပြုနေတာ တွေ့ရပါတယ်။Fake အကောင့်ကြောင့် စိတ်ညစ်နေရတဲ့ ပိုးအိအိခန့်ကိုလည်း ပရိသတ်တွေက အကြံဉာဏ်လေးတွေ ပေးထားကြပါ သေးတယ်။ ပိုးအိအိခန့်ဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်နေရာ ရရှိဖို့အတွက် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

 

မြန်မာ့ဘောလုံးလောကရဲ့ နာမည်ကြီး ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ အောင်သူနဲ့ ချစ်သူဖြစ်နေတဲ့ သူမဟာ ယောကျ်ားလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူပါ။ မိန်းကလေး ပရိသတ်အားပေးမှုက ရရှိထားတဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှုး အောင်သူနဲ့ သရုပ်ဆောင် ပိုးအိအိခန့်တို့ စုံတွဲလေးက ချစ်သူသက်တမ်း ရက်(၁၀၀)တောင် ပြည့်သွားခဲ့ပါပြီ။

မိန်းကလေး ပရိသတ်အားပေးမှုက ရရှိထားတဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှုး အောင်သူနဲ့ သရုပ်ဆောင် ပိုးအိအိခန့်တို့ စုံတွဲလေးက ချစ်သူသက်တမ်း ရက်(၁၀၀)တောင် ပြည့်သွားခဲ့ပါပြီ။Long Distance Relationship ကိုပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးက ပရိသတ်တွေအတွက်အားကျစရာပါ။

အောင်သူဟာယခုဆိုရင် ထိုင်းကလပ်အသင်းတစ်ခုဖြစ်တဲ့ Police Tero အသင်းမှာ ကစားနေတာ ဖြစ်ပြီး ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။နယ်ပယ်အသီးသီးမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေး ဒီထက်ပိုပြီး သာယာပျော်ရွှင် အဆင်ပြေစေဖို့ ပရိသတ်တွေ ဆုတောင်းပေးကြဦးနော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က