သူမလည်းပျော်သလို ကလေးလေးတွေလည်း ပျော်နေပါတယ်။

ဆုပန်ထွာတို့ မိသားစုလေးဟာအလှူရေစက် လက်နဲ့ မကွာဆိုသလိုပါပဲ။ဒီနေ့မှာလည်း လှိုင်သာယာမှာ ရှိတဲ့ ကလေးလေးတွေ အတွက် Roar Roar လေး ငယ်စဉ်က သုံးခဲ့တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကို ကလေးလေးအတွက် ပြန်လှူဖြစ်ခဲ့တယ်တဲ့။

Photo : ဆုပန်ထွာ FB

 

သရုပ်ဆောင် ဆုပန်ထွာက လှိုင်သာယာမှာရှိတဲ့ သစ်တံခါးဆရာတော်ကြီးကို လာဖူးရင် အပြန်မှာ အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအ လှူက ဘုန်းဘုန်းကြီးဆီကအပြန် ကလေးတွေ အများကြီးကိုတွေ့လို့ Roar Roar လေး ငယ်စဉ်က သုံးခဲ့တဲ့ အသုံးအဆောင် ပစ္စည်းလေးတွေ ကို ကလေးတွေအတွက်  ပြန်လှူခဲ့တာ ဖြစ်ပါတယ်။

Photo : ဆုပန်ထွာ FB

 

လက်ဆောင်ပစ္စည်းလေးတွေရတဲ့ ကလေးလေးတွေ ပျော်နေတာကြည့်ပြီး သူမလည်း ပျော်ခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့လေးတွေတစ်ခုပေးရင်တစ်ယောက်ပျော်သွားတာလေးကြည့်ပြီး၊ကိုယ်လဲအပျော်လေးတွေကူးပါတယ်။တကယ်လိုအပ်တဲ့နေရာကျတော့ လည်းသူတို့အတွက်တန်ဖိုးရှိလိုက်တာ။ နို့ဗူးတွေ၊အရုပ်တွေ၊ကစားစရာလေးတွေ၊အိန်းကျီလေးတွေ၊ဖိနပ်တွေ၊ခြေအိတ်တွေ၊ ဦးထုပ်လေးတွေ အိုသူတို့အတွက်ပေးလို့တောင်မလောက်နိုင်ဘူး။ Roar Roar လေးကိုငယ်ငယ်က လက်ဆောင်ပေးကြ တဲ့ပစ္စည်းလေးတွေလဲ ပါတာမို့ ပေးတဲ့ သူတွေလည်းကုသိုလ်ရကြမှာသေချာပါတယ်နော်။ " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၈) ရက်နေ့ ရေးသားထားတာပါ။

Photo : ဆုပန်ထွာ FB

 

သူမအနေနဲ့ ဒီနေ့မှာ အမှတ်မထင်ဆုံခဲ့တဲ့ ကလေးအမေတွေကိုလည်း ချစ်သလို ကလေးလေးတွေကိုလည်း ချစ်တယ်လို့ ပြောထားပါသေ းတယ်။

"နို့ဗူးဆို့နေတဲ့ကလေးလေးတွေအတွက်ပေးလို့တောင်မလောက်ခဲ့ဘူး။ ဖိနပ်ကလေးတွေဆို လည်းသေချာစီးပေးပြီး တကယ်တော်တဲ့ သူမှ ပေးဖြစ် ပါတယ်။ ကလေးတွေရဲ့လိုချင်တဲ့မျက်လုံးလေးတွေ၊ ခေးမေမေတွေရဲ့ အလုအယက် ကိုယ့်သားသမီးအတွက် ဘာနဲ့သင့်တော်မလဲ ဆိုပြီးအပြေးအလွှား ကလေးချီပြေးလာတာလေးတွေ။ မျက်လုံးထဲမှာရော၊ရင်ထဲမှာရော ချစ်စရာပုံလေးတွေမို့ ချစ်တယ်။ ဒီနေ့အမှတ်တမဲ့ ခဏဆုံခဲ့ရတဲ့ခေးမေတွေကိုချစ်တယ်။ကလေးလေးတွေကိုလည်းချစ်တယ်။ သူတို့လေးတွေကြည့်ပြီး အားလုံးအဆင်ပြေကြဖို့ ပျော်ကြဖို့ဆုတောင်းပေးရင်း" ဆိုပြီး သူမက ဆက်လက်ပြောပြထားတာပါ။

Photo : ဆုပန်ထွာ FB

မောင်ကောင်းပြည့်တို့ မိသားစုနဲ့ အပြုံးတွေဝေနေတဲ့ ဆုပန်ထွာ 

ဆုပန်ထွာတို့ မိသားစုလေးဟာအလှူရေစက် လက်နဲ့ မကွာဆိုသလိုပါပဲ။ ကြာသာပတေးနေ့တိုင်း ဆွမ်းလောင်းလှူဒါန်းဖြစ်သလို အကူအညီ လိုရင် လိုတဲ့သူတိုင်းကိုလည်း လက်မနှေးပဲ ကူညီတတ်တဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။ သရုပ်ဆောင် ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ဟာ ဝေဖန် တိုက်ခိုက်မှုများစွာရဲ့ ကြားကနေ လက်ထပ်ဖြစ်ခဲ့တဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။

ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။

Photo : ဆုပန်ထွာ FB

 

ဆုပန်ထွာဟာ သားလေးRoar Roar Kyaw မွေးပြီးတဲ့နောက် မိသားစုကိုလည်း အချိန်ပေးဖြစ်သလို အနုပညာအလုပ်တွေလည်း ဆက်တိုက် ဆောင်ရွက် နေရတာဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကိုလည်း လက်မလွှတ်တမ်းဆောင်ရွက်နေသလို ဂီတဘက်မှာလည်း ဖျော်ဖြေရေးတွေ သီဆိုနေရတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က