၂ လပဲ လိုတော့တာနော်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော်ရှိုးပွဲကို အောက်တိုဘာလအတွင်းမှာ ကျင်းပပြုလုပ်သွားမယ့်အကြောင်းကို စိုင်းစိုင်း ကိုယ်တိုင် ကြေညာ ထားတာဖြစ်ပါတယ်။ လက်မှတ်ဝယ်ယူဖို့ အနေအထားတွေကိုတော့ ပြောပြထားတာမရှိသေးပါဘူး။

Photo: Sai Sai Kham Hlaing Facebook

 

မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ အနုပညာရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ ရှိုးပွဲကို အောက်တိုဘာလ အတွင်းမှာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။သူ့ရဲ့ရှိုးပွဲကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုကို နောက်ထက် ၂ လပဲ လိုတော့တာဖြစ်လို့ သူ့ရဲ့ ပရိသတ်တွေ သိအောင် စိုင်းစိုင်း ကိုယ်တိုင်ကြေညာခဲ့တာဖြစ်ပါတယ်။

Photo: Sai Sai Kham Hlaing Facebook

 

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ (တနင်္ဂနွေနေ့) မှာ ပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမယ်ဆိုတာကို သြဂုတ်လ ၁၂ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ် ပေ့ချ်ကနေရော၊ ဖေ့စ် ဘွတ် အကောင့်က နေပါ ကြေညာခဲ့တာဖြစ်ပါတယ်။ လက်မှတ်ဝယ်ယူရမယ့်နေရာ၊ ဈေးနှုန်းတွေကိုတော့ ပြောပြထားခြင်းမရှိသေးပါဘူး။

Photo: Sai Sai Kham Hlaing Facebook

စင်ကာပူမှာ Medical Check-up သွားလုပ်နေတဲ့ စိုင်းစိုင်း  

စိုင်းစိုင်းဟာ ၂၀၁၈ ခုနှစ်မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့ အမှတ်တရ Birthday Show ကိုတော့ ဧပြီလ ၁ ရက်နေ့က ရန်ကုန်မှာပဲ လုပ်ခဲ့ တာပါ။ အဲ့ဒီနောက် သူရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Sai Sai is Sai Sai အခွေအသစ်ကိုတော့ ၂၀၁၈ ခုနှစ် မတ်လအတွင်းက ထွက်ရှိခဲ့ တာဖြစ်ပါတယ်။ ဒီအခွေကလည်း အရင်အခွေတွေထက် အောင်မြင်မှုတွေအများကြီး ပိုင်ဆိုင်ခဲ့ပါတယ်။

ို38649326_10216137486645000_8684517919410880512_n.jpg

Photo: Sai Sai Kham Hlaing Facebook

စိုင်းစိုင်းဟာ အခုလက်ရှိမှာတော့ ဂီတဘက်ကိုပဲ ဦးစားပေးနေတာကို တွေ့ရပါတယ်။ သရုပ်ဆောင်နဲ့ပတ်သက်တဲ့ အနုပညာလှုပ်ရှားမှုတော့ သိပ်မတွေ့ရတော့ပါဘူး။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦး လည်း ဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က