AD
AD
AD

ရွှေမှုံရတီကတော့ သူမရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက မြွှေဟောက်ပုံပြင်တစ်ခုကို Share လိုက်ပါတယ်။ အဲ့ဒီပုံပြင်လေးမှာ သူမပြောချင်တဲ့ စကားတွေ ပါပုံရပါတယ်။ မြွေဟောက်ပုံပြင်ကို Share ပြီးတော့ "ရွှေမှုံရတီဟုခေါ်သည်" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာ တွေ့ရပါတယ်။

ပုံပြင်ခေါင်းစဉ်ကတော့ အမောက်ထောင်၍ သည်းခံပါ ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။

play

 

အဲ့ဒီပုံပြင်ရဲ့ ပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ သည်းခံတယ်ဆိုပေမယ့်လည်း ကိုယ်မညံ့ဘူး အစွမ်းအဆရှိတယ်ဆိုတာကိုတော့ ပြသပေးဖို့ မမေ့ပါနဲ့မိတ်ဆွေတို့ ဆိုတဲ့ စာသားလေးက မြွှေဟောက်ပုံပြင် အဆုံးမှာ ရေးထားတာ ဖြစ်ပါတယ်။

သူမ share လိုက်တဲ့ အဲ့ဒီပို့စ်လေးကတော့ ၁၃မိနစ်အတွင်းမှာ Like တစ်ထောင်ကျော် ရသွားခဲ့ပါတယ်။

play

 

ရွှေမှုံကတော့ ဒီပို့စ်ကို မတင်ခင် နိုဝင်ဘာ(၂၁)ရက်နေ့ကလည်း သူမလွှင့်ခဲ့တဲ့ Live တစ်ခုနဲ့ ပတ်သက်ပြီး သတိပေးစာ တစ်ခုကို ရေးလိုက်ပါသေးတယ်။ အဲ့ဒါကတော့ "မနေ့ ကတင်သော live သည်

စိတ်ကြီးဝင်နေသောမိန်းမ ရုပ်ရှင်ဇာတ်ကား တွင်ပါဝင်သောဇာတ်ဝင်ခန်းအတွက် live လွှင့်ကာသရုပ်ဆောင်ရခြင်းဖြစ်ပါသောကြောင့် media pages များ Facebook ပေါ်ကူးယူတင်လျှင် စာလုံးအရေးအသားများဆင်ခြင်ပါရန် သတိပေးပါသည်

ရွှေမှုံရတီ" ဆိုပြီး ရေးသားထားတာပါ။

play

ရွှေမှုံဟာ လက်ရှိမှာ စိတ်ကြီးဝင်နေသော မိန်းမဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးလျက်ရှိတာကိုလည်း တွေ့ရပါတယ်။

ရွှေမှုံလွှင့်လိုက်တဲ့ Live မှာတော့ သူမမှာ အိမ်အကြီးကြီးတစ်လုံးရှိကြောင်း အဲ့ဒီအိမ်ထဲမှာ မီးခံသေတ္တာအလုံး၁၅၀လောက် ရှိကြောင်းနဲ့ ယခုလက်ရှိမှာ သူမက ၂၀၁၆ နောက်ဆုံးပေါ်ကားကို စီးနေကြောင်းကို ခပ်ချေချေအမူအယာနဲ့ Live ထဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

 

ရွှေမှုံရတီကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ နိုဝင်ဘာ(၁၆)ရက်နေ့ကတော့ နေမကောင်းလို့ ဆေးရုံတက်နေတဲ့ အကြောင်း သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပြောပြထားတာ တွေ့ရပါတယ်။

ယခုလက်ရှိတော့ သူမက စိတ်ကြီးဝင်နေသောမိန်းမ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

play

 

ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် လွန်ခဲ့တဲ့ ၆ နှစ်က အနုပညာလောကထဲကို ရောက်ရှိလာသူတစ်ဦးဖြစ်ပြီး အသက်(၁၉)ကျော်သာ ရှိသေးပေမဲ့ အောင်မြင်နေပြီဖြစ်တဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

Postby

 

Photos : ရွှေမှုံရတီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD