AD
AD
AD

နေခြည်ဦးဟာ ဂျပန်ကို အရမ်းသွားချင်ခဲ့တာ ဖြစ်ပါတယ်။ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ Beaut Blogger ဖြစ်တဲ့ နေခြည်ဦးကတော့ Shiseido နဲ့အတူ ဂျပန်နိုင်ငံကို သွားပြီးတော့ အသစ်ထွက်မယ့် Shiseido ပစ္စည်းသစ်များကို သွားရောက်လေ့လာခွင့်ရခဲ့ပါပြီ။

Shiseido ရဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲကို နေခြည်ဦးက တက်ရောက်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ နေခြည်ဦးနဲ့အတူ နေခြည်ဦးရဲ့ မိခင်ပါသွားရမယ်လို့ ဆိုပါတယ်။

play

 

အရမ်းသွားချင်ခဲ့တဲ့ ဂျပန်နိုင်ငံကို သွားရမှာ ဖြစ်တဲ့အတွက် နေခြည်ဦးတစ်ယောက် အရမ်းကို ပျော်လို့ နေပါတယ်။ သူမရဲ့ ပျော်ရွှင်မှုလေးတွေကိုလည်း Live လွှင့်ပြီးတော့ ပရိသတ်တွေကိုပါ မျှဝေပေးခဲ့ပါသေးတယ်။

ဂျပန်ဆူရှီကို အရမ်းကြိုက်တဲ့ သူမအနေကတော့ ဟိုရောက်ရင် ဂျပန်အစားအစာတွေအများကြီး စားခဲ့မယ်လို့လည်း ဆိုပါတယ်။ ဂျပန်ဖက်ရှင်နဲ့ ပတ်သက်တာတွေကိုလည်း အများကြီးဝယ်ဝတ်ဖို့လည်း ရှိတယ်လို့ ဆိုပါသေးတယ်။

Postby

 

သူမပြောထားတဲ့ Live လေးကိုလည်း ပရိသတ်တွေ ပြန်ကြည့်လို့ရအောင် ထည့်ပေးလိုက်တယ်နော်။ သူမရဲ့ ဂျပန်ခရီးစဉ်ကတော့ နိုဝင်ဘာ(၅)ရက်နေ့ကစမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ(၅)ရက်နေ့ ဂျပန်ကို သွားမှာဖြစ်ပြီး တစ်ပတ်တိတိ ဂျပန်မှာကြာမှာ ဖြစ်ပြီး မြန်မာနိုင်ငံကို နိုဝင်ဘာ(၁၂)ရက်နေ့ ပြန်ရောက်မယ် လို့ ပြောထားပါတယ်။

play

 

သူမဂျပန်ရောက်ရင်လည်း ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင် နေသွားမယ်လို့လည်း ပြောထားပါတယ်။ နေခြည်ဦးဟာ လူငယ်အများစုကြားထဲမှာ ရေပန်းစားနေတဲ့ Beauty Blogger တစ်ဦးဖြစ်ပါတယ်။

Photo : နေခြည်ဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD