အဖွဲ့သားတွေလည်း ကြိုးုကြိုးစားစားလုပ်ပေးနေတယ်တဲ့။

စိုင်းစိုင်းခမ်းလှိုင်က အောက်တိုဘာ(၁၄) ရက်နေ့ ကျင်းပမယ့် "ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း" ရှိုးပွဲအတွက် သေသေချာချာကို ကြိုးစားပြီး ပြင်ဆင်နေတာ တွေ့ရပါတယ်။

Photo : စိုင်းစိုင်း FB

 

စိုင်းစိုင်းခမ်းလှိုင်က အောက်တိုဘာ(၁၄) ရက်နေ့ ကျင်းပမယ့် "ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း" ရှိုးပွဲအတွက် သေသေချာချာကို ကြိုးစားပြီး ပြင်ဆင်နေတာ တွေ့ရပါတယ်။  Musician (၆၀) ကျော်နဲ့ နာရီပေါင်းများစွာ တီးလိုက်မှုတ်လိုက် ဆိုလိုက်ညှိလိုက်နဲ့ သူ့ရဲ့ သီချင်းတွေကို စိတ်နှစ်ပြီး အပင်ပန်းခံကြိုးစားပေးနေကြတဲ့အတွက်ကိုလည်း အဖွဲ့သားတွေအားလုံးကို စိုင်းစိုင်းက ကျေးဇူးတင်ကြောင်း ပြောထားတာ တွေ့ရပါတယ်။

"Musician 60 ကျော် နာရီပေါင်းများစွာ တီးလိုက်မှုတ်လိုက်ဆိုလိုက်ညှိလိုက် မညီဘူးလား ပြန်တိုက် ကျွန်တော့် သီချင်းတွေကို ဒီလောက် စိတ်နှစ်ပြီး အပင်ပန်းခံကြိုးစားပေးကြတာ တကယ်ကိုကျေးဇူးမှတ်တမ်းတင်အပ်ပါတယ်" ဆိုပြီး အောက်တိုဘာ(၁၁) ရက်နေ့က ရေးသား ထားတာပါ။

Photo : စိုင်းစိုင်း FB

 

စိုင်းစိုင်းကတော့ အောက်တိုဘာ(၁၄) ရက်နေ့ ကျင်းမယ့် ရှိုးပွဲအတွက် အဆင်သင့်ဖြစ်လို့နေပြီတဲ့။ သူ့ရဲ့ ရှိုးပွဲကို မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် ပြန်စီစဉ်ပေးပ့ါမယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

"ကျွန်တော်တို့တော့ ဖျော်ဖြေဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီပွဲ လက်မှတ်ရှိထားတဲ့ လူ ၁၅၀၀ ကိုလည်း ကျွန်တော်တို့နဲ့အတူတူ သံပြိုင် သီဆိုကြဖို့ဖိတ်ခေါ်ပါတယ် ( မကြည့်ရတဲ့ပရိသတ်များအတွက်လည်း ပြန်စီစဉ်ပါ့မယ် )ပင်ပန်းပေမယ့် အားလုံးပျော်နေကြတယ်" ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။

Photo : စိုင်းစိုင်း FB

Show ပွဲမှာ ဗီဒီယိုရိုက်ကူးခွင့် မပြုထားဘူးဆိုတဲ့ စိုင်းစိုင်း 

စိုင်းစိုင်းက သူ့ရဲ့ ရှိုးပွဲမှာ ဗီဒီယိုရိုက်ကူးဖို့ ခွင့်မပြုထားတာကိုလည်း တွေ့ရပါတယ်။

" #SAISAI SHOW ကို ပရိသတ် ၁၅၀၀ နဲ့သာ ကျင်းပရတာဖြစ်တဲ့အတွက်  တစ်နိုင်ငံလုံးက ပရိသတ်တွေအတွက် သေချာရိုက်ကူး ထုတ်လွှင့် ဖြန့်ချိပေးနိုင်ဖို့ပြင်ဆင်နေပါတယ်။ ပွဲတက်ရောက်မယ့်ပရိသတ်များက ဖုန်းနဲ့ပဲဖြစ်ဖြစ် Camera နဲ့ပဲဖြစ်ဖြစ် video ရိုက်ကူးထားခြင်း မပြုလုပ် ဖို့ မေတ္တာရပ်ခံပါတယ် ကျနော်တို့ Professional Camera ဆရာတွေနဲ့ အကောင်းဆုံးရိုက်ပေးပါမယ်။ ကိုယ့်ဘေးက ခိုးရိုက်ရင်လည်း မရိုက်ဖို့ တားမြစ်ပေးပါ Quality မကောင်းတဲ့ Video ကြိုထွက်သွားရင် အခွေထုတ်ဖို့ အခက်အခဲရှိသွားပါတယ်'' ဆိုပြီး  အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၉ နာရီခွဲက စိုင်းစိုင်းရဲ့ တရားဝင်ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပြောပြထားပါတယ်။

vPhoto : စိုင်းစိုင်း FB

 

စိုင်းစိုင်းဟာ လာမယ့် အောက်တိုဘာ (၁၄) ရက်နေ့မှာ "ပြီးခဲ့သောဇာတ်လမ်းအကျဉ်း" ဆိုတဲ့ နာမည်နဲ့ ရှိုးပွဲတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီရှိုးပွဲကို ငယ်ငယ်က စိတ်ကူးအတိုင်း အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဓိရာမိုရ် တီးဝိုင်းနဲ့အတူ သီချင်းအားလုံးကို ဖျေ်ာဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတစ်ခါ ပြုလုပ်မယ့် စိုင်းစိုင်းရဲ့ ရှိုးပွဲမှာယခင် သူနဲ့အတူ သီချင်းများ အတူတူဆိုခဲ့ဖူးသော အနုပညာရှင်တွေများစွာ ပါဝင်မယ်လို့လည်း သိရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများ စွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : စိုင်းစိုင်း FB

 

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က