ဘာပဲ ဖြစ်ဖြစ် အားတင်းထားပါ။

သမီးလေးနဲ့ ပုံတင်လိုက်တယ်ဆိုတာကလည်း အစကတည်းက သူမရဲ့ ပရိသတ်တွေကို ပြောပြဖို့ အစီအစဉ်ရှိပြီးသားပါလို့ ဆိုပါတယ်။ သူ့အနေနဲ့ "လိပ်ပြာလုံချင်တယ်။သူများပြောမှ ပရိသတ်သိတာထက် ကိုယ်ကိုတိုင်ပဲ ပြေချင်တယ် ကိုယ်ကိုတိုင်ပဲ အသိပေးချင်တယ်"လို့ သူမက ဆိုပါတယ်။

 

အဆိုတော် အေသင်ချိုဆွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကလေးလေးနဲ့ ပုံကို သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့တာတွေ့ရပါတယ်။ အဲ့ဒီဓာတ်ပုံ တင်ပြီးနောက်ပိုင်းမှာ သူမဘဝရဲ့ နောက်ကြောင်းတွေကို ဝေဖန်ပြောဆိုတာတွေဟာ အွန်လိုင်း စာမျက်နှာပေါ်မှာပြန့်လို့ နေခဲ့ပါတယ်။

သူမအနေနဲ့ အစကတည်းက Single Mother ဆိုတဲ့ ဘဝကို ကျေကျေနပ်နပ်ကြီး ခံယူခဲ့တာဖြစ်ပြီး ယခုလို ပုံတင်လိုက်ခြင်းဟာလည်း သူ့ရဲ့ ပရိသတ်တွေကို မဖုံးကွယ်ထားချင်လို့လို့ ဆိုပါတယ်။

 

"အေသင်ဘာမှ မဖုံးကွယ်ချင်ဘူး။လူတိုင်းလူတိုင်းမှာ သူ့စတိုရီနဲ့သူဆိုတာရှိကြပါတယ်။ သူ့အကြောင်းတရားနဲ့သူပေ့ါနော်။ အေသင်အများ ကြီးကျော်ဖြတ်ခဲ့ရပြီးပြီ။ ပြန်လည်းမပြောချင်တော့ဘူး။ ဘယ်သူ့ကိုမှလည်းအပြစ်မတင်ချင်ဘူး။ ပုံတင်လိုက်တယ်ဆိုတာကလည်း အစက တည်း က အေသင်မှာ ပရိသတ်တွေကို ပြောပြဖို့ အစီအစဉ်ရှိပြီးသားပါ။အခုလက်ရှိ အေသင်ပြောချင်တာက အေသင့်ကို ချစ်တဲ့သူပဲ ဖြစ်ဖြစ် မုန်းတဲ့သူကိုပဲဖြစ်ဖြစ် အေသင်ရဲ့ ဖြစ်တည်မှုကို လက်ခံပေးဖို့အတွက်ပဲ အေသင်ပြောချင်တယ်။"ဆိုပြီး သြဂုတ်လ(၉) ရက်နေ့ညက သူမရဲ့ ပရိသတ်တွေနဲ့ Live ပြောရင်း ပြောပြခဲ့တာဖြစ်ပါတယ်။

အလှူအတန်းတွေနဲ့ မွေးနေ့ကို ဖြတ်သန်းခဲ့တဲ့ အေသင်ချိုဆွေ

သူ့မှာ ကြည့်စရာမျက်နှာတွေ အများကြီး ရှိတာကြောင့် ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ထပ်ပြီး မမေးကြဖို့ကိုလည်း ပြောထားပါ သေးတယ်။

"အေသင့်မှာ ကြည့်စရာမျက်နှာတွေအများကြီး ရှိတယ်။ အေသင်စိတ်ကတော့ ပွင့်ပွင့်လင်းလင်းပြောချင်တယ်။ အေသင်လိပ်ပြာလုံ ချင်တယ်။ သူများပြောမှ ပရိသတ်သိတာထက် ကိုယ်ကိုတိုင်ပဲ ပြေချင်တယ်။ကိုယ်ကိုတိုင်ပဲ အသိပေးချင်တယ်။"ဆိုပြီး ပရိသတ်တွေကိုဆက် လက်ပြော ပြထား ပါတယ်။

 

ကလေးလေးနဲ့ သူမ အပြင်သွားတဲ့အခါမှာလည်း ကလေးလေးဘယ်သူလေးလဲလို့ မေးရင်လည်း တူမလေးပါလို့ ပြောမထွက်ဘူးလို့ ဆိုပါတယ်။ ကလေးအရမ်းချစ်တတ်တဲ့သူမအတွက် သမီးလေးဟာသူ့အတွက် ရတနာတစ်ပါးပါပဲတဲ့။

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

 

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က